အခန်း (၂၀)

45 2 0
                                    

20 01

ဒါဒါလေးနှင့် မှင်စာရွာ (အပိုင်း-၂၀)

ဟေဒီကို မှတ်မှတ်ရရ ကြည့်လိုက်တော့ ဦးခေါင်းက စားစရာ ပန်းကန်ပေါ်တွင် မှောက်ကျ သွားပြီ ဖြစ်သည်။ ဒါလေး အားတင်းထားရင်းမှ မျက်လုံးတွေ မှေးစင်းလာပြီး..

"ငါတို့ကို တစ်ယောက်ယောက်က အိပ်စေတဲ့ ကျိန်စာ တိုက်လိုက်ပြီလား.."

ဒါလေး ခပ်တိုးတိုး ရေရွတ်ပြောဆို လိုက်ပြီးနောက်.. ဘယ်လိုမှ မဟန်နိုင်တော့ပဲ ခေါင်းက ငိုက်ကျသွားတော့သည်။

ဒါလေးတို့ အားလုံး အိပ်ပျော်သွားပြီ ဆိုမှ အိမ်ခြံဝန်း အတွင်းရှိ နေရောင်က ပျောက်ကွယ် သွားပြီး.. ကျောက်ရုပ် ဖြစ်နေသော အရာအားလုံးက အသက်ဝင် လှုပ်ရှားလာကြသည်။ ခြံဝန်းအတွင်းတွင်.. ရှားပါးပြီး ရှေးဟောင်းဆန်သော တီးလုံးသံ သဲ့သဲ့လေးက ဘယ်နေရာကမှန်း မသိပဲ လွင့်ပျံ့လာသည်။

အားလုံးသော အိပ်မောကျသွားသူတွေကို ကြည့်လိုက်ပြီးမှ မသောက်ပဲ ပါးစပ်အတွင်း မမျိုချပဲ ငုံထားသော သွေးရည်တွေကို ထွေးထုတ် ပစ်လိုက်သည်။ ပြီးနောက်တွင်မှ.. လှုပ်ရှားလာသော ကျောက်ရုပ်တွေ မမြင်အောင် ပုန်းနေလိုက်သည်။ သူ သွေး မသောက်ပဲ နေနိုင်တာကို ဒါလေးတစ်ဦးသာ သိသောကြောင့် အားလုံး ရှေ့မှာ ဟန်ဆောင် ပန်ဆောင် သောက်ဟန်ပြခဲ့ခြင်းက သူ့ကို အိပ်စက်ခြင်းသို့ ဆွဲမခေါ်သွားခဲ့ခြင်း ဖြစ်သည်။

သူ ပုန်းနေလိုက်ပြီးမှ..အခြေအနေကို အကဲခတ်နေမိသည်။ လှုပ်ရှား သွားလာနေကြသော.. အရာအားလုံးက.. သူ့အလိုအတိုင်း လှုပ်ရှားနေကြဟန် တူသည်။ ဒါလေးတို့ ရှိနေသော စားပွဲတွေကို သိမ်းဆည်း သွားကြသော်လည်း ဒါလေးတို့အား မည်သူမျှ မနိုးကြပေ။ ဘယ်နေရာကိုမှ မထိအောင် ညင်သာစွာ လှုပ်ရှားသွားကြသည်။

ဒါလေးတို့ မှောက်အိပ်နေသော နေရာအား ဖယောင်းတိုင် မီးအပြာရောင်များဖြင့် ဆင်မြန်းလိုက်ကြသည်။ တချို့သော ဖယောင်းတိုင်မီးများအား.. အိမ်နံရံများတွင် ဆင်မြန်းကြသဖြင့် သူ့အး တွေ့မြင်သွားမည်ကို စိုးရိမ်ကာ ပြေးလွှား ရှောင်တိမ်းရသေး၏။

ဒါဒါလေး အပိုင်းဆက်မှော်လောကဇာတ်လမ်းWhere stories live. Discover now