အခန်း (၁၀)

67 5 0
                                    

10 01

ဒါဒါလေးနှင့် မှင်စာရွာ (အပိုင်း-၁၀)

"ဒိန်း.. ဂျလိမ်း.. ဒလိမ်း.."

ညင်သာစွာဖြင့် ဂူအမိုးကြီး ပွင့်သွားတော့.. ဒါလေးနှင့် ဒရက်.. ရှိနေသော ဂူအောက် ကြမ်းခင်းက အပေါ်သို့ ရွေ့လျား တက်လာပြီး.. ဒါလေးတို့ ဆင်းလို့ ရသော နေရာသို့ အရောက်တွင် ဂူကြီးက ပြန်လည် ပိတ်သွားလေတော့သည်။

"အမေ့!!.. အမေ့!!.."

ဒါလေး ထိုနေရာမှာတင် အစားမစားရသောဒဏ်.. အမေ့အသံကို ကြားချင်နေသေးသည့် ပြင်းပြသော ဆန္ဒတို့ဖြင့်.. လဲကျ မေ့မျောသွားလေတော့သည်။

@@@@@@@@@

"အမေ့.."

ဒါလေး ထိတ်လန့်စွာဖြင့် ထထိုင်လိုက်တော့ ဘေးနားမှာ ဆရာမရိုစီနှင့် ဆရာကြီး ဘာဘဲလ်လာက ရှိနေသည်။ ဒါလေးသည် မှင်စာအိမ်လေး တစ်အိမ်ရှိ ကုတင်တစ်လုံးပေါ်တွင် အိပ်နေခဲ့ခြင်း ဖြစ်ပြီး ဒရက်က အိမ်အပြင်ဘက်တွင် ရှိနေသည်။

ဒါလေး အခြေအနေတွေကို သုံးသပ်နိုင်သွားပေမယ့် လက်မခံနိုင်သေးပဲ ကုတင်ပေါ်မှ ဆင်းလိုက်ပြီး ငိုချလိုက်မိတော့သည်။

"အဟင့်!!.. အဟင့်!!.. အီးဟီး.. ဟီး.."

ဆရာမရိုစီက ဒါလေး ဦးခေါင်းလေးကို ပုတ်လိုက်ပြီးမှ..

"တကယ်နာကျင်ရတာတွေ ပြီးသွားရင် ပျော်ရွှင်ရတာတွေကလည်း ပျောက်ကွယ်မနေပါဘူး.."

"အမေ့ အသံကို ကြားရတယ်.. အမေက ဒါလေးကို မြင်ဖူးတယ်တဲ့.. ဒါလေး မေမေ့ကို မတွေ့လိုက်ရဘူး.. ဒါလေးလေ.. အဟင့်.."

ပြောနေရင်း ငိုချင်လာကာ.. မျက်နှာလေး မဲ့သွားမိသည်။ ဆရာကြီး ဘာဘဲလ်လာက ဒါလေးကို သက်သာစေလိုသော အပြုံးတချို့နှင့်..

"ဘယ်သူ ရောက်လာတာလဲ ဆိုတာကို မကြည့်တော့ဘူးလား.."

"ဒါလေး!!.."

"မေမေသော်တာ.. မေမေမိုယာ!!.."

မေမေသော်တာက အနားသို့ လှမ်းလာပြီး.. ဒါလေး ပုခုံးကို လှမ်းဖက်သည်။ မေမေမိုယာက မျက်မှောင်ကုတ်လိုက်ပြီးမှ..

ဒါဒါလေး အပိုင်းဆက်မှော်လောကဇာတ်လမ်းWhere stories live. Discover now