အခန်း (၂၅)

43 3 0
                                    

25 01

ဒါဒါလေးနှင့် မှင်စာရွာ (အပိုင်း-၂၅)

"ဒါလေး စိတ်ချ လက်ချ သွားပါ.."

"ဒရက် ကရော.."

"စိတ်ချပါ.. သူ နေကောင်းသွားမှာပါ.."

ဒါလေး ဆယ်ဆာဗန် အဆောင်သို့ ဦးတည်လျက် သွားလိုက်ရ၏။ ဒရက်.. မင်း တစ်ခုခု ဖြစ်ရင် ငါမင်းကို တစ်သက်လုံး အသိစိတ်မဲ့အောင် စေခိုင်းမှာနော်..၊

သစ်ပင် စာကြည့်တိုက်မှ လာခဲ့ ရသော်လည်း ဒါလေး စိတ်က ဒရက်ကိုသာ တွေးနေမိသည်။ ကျောင်းသား အားလုံးက စိုးရိမ် နေကြသော်လည်း ဒါလေး ငြိမ်သက်နေမိသည်။

နောက်ဆုံးတွင် မနေနိုင်သည့် အဆုံး ဒါလေး ထိုင်နေရာမှ ထရပ်လိုက်တော့ ဒါလေး ကိုယ်ပေါ်သို့ ခုန်တက်လာသော ဆစ်စလစ်နှင့် စလစ်ကို ဖမ်းယူလိုက်ရသည်။ ကျောင်းသားတွေက ဒါလေး အနားမှ ဘေးသို့ ဖယ်သွားကြသည်။ ဒါလေး ဆစ်စလစ်တို့ကို အောက်သို့ ချလိုက်ပြီးလျှင်..

"ဒရက် ဘယ်လိုနေလဲ.."

ဒါလေး မေးလိုက်တာကို စလစ်က ခြေဟန် လက်ဟန်ဖြင့်..

"ဒရက်က တစ်ကိုယ်လုံး ပြာငန်းနေတာပဲ ဒါပေမယ့် သူ့ကို ဆေးပေါင်းချောင်နဲ့ ကုထားတယ် မှော်အစွမ်းတွေ အကုန် ခဏ ပိတ်ထားတယ်.. အသုံးပြုလို့ မရဘူးလို့ ကြားတာပဲ.. ဒါပေမယ့် သူက သိပ်ပြီး ဖြူဖျော့လွန်းနေတယ် မျက်လုံးတွေက မှိတ်ထားတုန်းပဲ.. သူနေကောင်းသွားဖို့ မဖြစ်နိုင်ဘူး ထင်ရတယ်.."

ဒါလေး စိတ်တွေ စိုးရိမ်ရေမှတ်သို့ ထိုးတက်သွားပြီး ဆယ်ဆာဗန် အတွင်းမှ အပြင်သို့ ထွက်ဖို့ ပြင်လိုက်သည်။ သို့သော်.. ဆယ်ဆာဗန်၏ ရေတံခါးကို တစ်ယောက်ယောက်က ပိတ်လိုက်ဟန် တူသည်။ ဖွင့်လိုက်မရပဲ ရေကြည်ကြည်တွေ ကို ဖြတ်လျက် အပြင်မှ မြင်ကွင်းကို တွေ့မြင်နေရသည်။

မေမေသော်တာက အကာအကွယ် ကျိန်စာကို ထပ်ဆင့် ထပ်ဆင့် အသုံးပြုနေသည်။ မေမေမိုယာပါ ရောက်လာပြီး ကူညီနေ၏။ ဆရာကြီး.. ဘာဘဲလ်လာက သစ်ပင် စာကြည့်တိုက် အရှေ့နားတွင် ထောင်ခြောက်တွေ ပြင်ဆင်ပြီး မိစ္ဆာနှင်ပင်တွေကို ပျံသန်းလျက် အစီအရီ ခေါ်ဆောင်နေသည်။

ဒါဒါလေး အပိုင်းဆက်မှော်လောကဇာတ်လမ်းΌπου ζουν οι ιστορίες. Ανακάλυψε τώρα