အခန်း (၁)

138 8 0
                                    

1 01

ဒါဒါလေးနှင့် မှင်စာရွာ (အပိုင်း-၁)

လမ်းတစ်နေရာတွင် အတူတူယှဉ်လျက် လျှောက်လာသော မိန်းမပျိုတစ်ဦးနှင့် အသက် ဆယ့်သုံးနှစ်အရွယ် ကလေးငယ် တစ်ဦး၊ ထိုမိန်းမပျိုက အပေါ်ယံတစ်လွှာ ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး လက်တွင် မှော်ဝင်လက်အစွပ် အစိမ်းရောင်လေးအား ဝတ်ဆင်ထား၏။ ထိုကလေးငယ်လေးကတော့ ပုခုံးတွင် ခိုတစ်ကောင်နှင့် လက်ထဲတွင် ပစ္စည်းတွေ ထည့်ထားသော အိတ်တစ်လုံးကို မနိုင်မနင်းမထား၏။ ထိုမိန်းမပျိုက ဘေးမှ ကလေးငယ်ကို ငုံ့လျက် အလျင်စလို လေသံဖြင့် စကားတစ်ခွန်း ဆိုလိုက်သည်။

"မေမေသော်တာ သင်္ဘောဆိပ်ထိ လိုက်မပို့တော့ဘူးနော် သွားတတ်တယ် မဟုတ်လား မေမေ ကိစ္စ ရှိသေးလို့"

"မေမေသော်တာ မအားတာကို ဒါလေးသိပါတယ် ဒါလေး အသက် ဆယ့်သုံးနှစ် ရှိပြီ ဆိုတော့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ပါပြီ မစိုးရိမ်ပါနဲ့"

"ကောင်းပြီ ကျောင်းမှာ ပျော်ရွှင်ပါစေ"

အရင်နှစ်တုန်းက ဖေဖေဇော်ဂန်ရဲ့သမီး အနေနဲ့ ကျောင်းတက်ခဲ့သော်လည်း ဒီနှစ်မှာတော့ ဖေဖေက မရှိတော့ပေ။ ဒါပေမယ့် သင်္ဘောပေါ် ရောက်သည်နှင့် ဒရက်က သင်္ဘောဦးမှ ခုန်ဆင်းလာပြီး ဒါလေး အိတ်ကို ဆွဲကာ ဒါလေးကိုပါ ဆွဲယူပြီး သင်္ဘောပေါ်သို့ ခုန်တက်သည်။

"ဝါး!! ချစ်စရာ သူငယ်ချင်းလေးပဲ လွမ်းလိုက်တာ ဒါလေး"

ဒရက်က ပိုပြီး အရပ်မြင့်လာသလို ခန္ဓာကိုယ်ကလည်း ပို၍ ကြံ့ခိုင်လာတာမို့ ဒါလေး မျက်မှောင် ကုတ်သွားမိ၏။

"ဒရက် နင်က ကျောင်းပိတ်တဲ့ တစ်နှစ်လုံး ဘာတွေ လုပ်နေတာလဲ ဘာတွေ စားလို့ ဒီလောက်တောင် အရပ်မြင့်လာတာလဲ"

"ကျောင်းပိတ်တဲ့ ကာလတွေကို မပြောချင်ပါဘူး ခါတိုင်းလို့ စာအုပ်ဖတ်ခွင့်ကို ငါ့အဖေက ငါ့ကို ပိတ်ပင်ပြီးတော့ ငါ မသင်ချင်တာတွေကို သင်ရတယ် လူတွေရဲ့ နှလုံးခုန်သံတွေကို နားထောင်ရတယ် ပြီးတော့ အမြင်အာရုံတွေ စူးရှအောင် လေ့ကျင့်ရတယ် ခုန်တာ လွှားတာတွေနဲ့ တခြား အများကြီးပဲ ကျောင်းပိတ်တာက ငါ့အတွက် ငရဲပဲ"

ဒါဒါလေး အပိုင်းဆက်မှော်လောကဇာတ်လမ်းWhere stories live. Discover now