အပိုင်း (၁၀)

1.8K 226 2
                                    

ဒါဒါလေးနှင့် မှော်ဝင်လောက (အပိုင်း-၁၀)

~ဖြစ်ချင်တာသာ ဖြစ်တော့ သူမက ဘာလဲ ဆိုတာ သိခွင့်ရဖို့ အရေး~

နေရောင်က လင်းလက်စွာ တောက်ပနေပြီး သုံးယောက်သား ချောက်ကမ်းပါးနားရှိ ကျောက်တုံးတွေကို အကာအကွယ် ယူပြီး ချောက်ကမ်းပါးအတွင်းသို့ ဆင်းရန် ပြင်ကြသည်။ အတော်ဝေးဝေးမှ ကျောင်းသားများ ဆရာများ သွားလာနေတာကို တွေ့ရပြီး ဒါလေးက ကြောက်နေသလောက် ဒရက်က ချောက်ကမ်းပါးကို ငုံ့ကြည့်လိုက်ကာ

"တော်တော်တော့ မြင့်တယ် ငါအရင် ဆင်းနှင့် လိုက်မယ် ပြီးမှ မင်းတို့ အဆင်ပြေမလား လာပြောပြမယ် အပေါ်မှာ ခဏစောင့်"

ဒရက်ပြောလိုက်တာကို နယ်လီက ခေါင်းယမ်းလိုက်ပြီး

"ငါလည်း လိုက်လာမယ် ငါ့ရဲ့ လက်တွေ ခြေထောက်တွေက ခန္ဓာကိုယ်ထက်တော့ သန်မာပါတယ်"

နယ်လီက ထိုသို့ပြောတော့ ဒရက်က ရယ်ချင်တာကို ထိန်းချုပ်ထားသော မျက်နှာဖြင့် ခေါင်းညိတ်လိုက်ပြီး

"ကောင်းပြီလေ မင်းနဲ့ငါနဲ့ အရင်သွားကြည့်ကြမယ် ပြီးမှ ဒါလေးကို ပြန်လာခေါ်ကြမယ်"

"ကောင်းပြီ ငါအရင် ဆင်းနှင့်မယ်"

နယ်လီက ပြောပြီး ချောက်ကမ်းပါးအောက်သို့ အရင်ဆင်းသွားသည်။ ဒရက်က နယ်လီကို ကြည့်နေပြီးမှ ဆတ်ခနဲ နေရာမှ ခုန်ဆင်းသွားပြီး အတော်ဝေးဝေးတွင် တစ်ချက် ထောက်ကာ ပြန်၍ ခုန်ဆင်းသွား၏။ ~မြန်လိုက်တာ~

တအံ့တသြဖြင့် ဒရက် ခုန်ဆင်းသွားတာကို ငုံ့ကြည့်တော့ ဒရက်က ချောက်ကမ်းပါး အောက်သို့ လျင်မြန်စွာ ရောက်သွားပြီး တဖြည်းဖြည်းဝေးသွားကာ အစက်ကလေး ခုန်နေသလိုသာ တွေ့မြင်ရတော့သည်။ နယ်လီကတော့ ဖြည်းဖြည်းချင်း ဆင်းနေပြီး တော်တော်ဝေးဝေးသို့သာ ရောက်သေးသည်။ မိနစ်အနည်းငယ် ကြာသွားတော့ ဒရက်က ပြန်၍ ခုန်တက်လာပြီး နယ်လီကို ပြန်ငုံ့ကြည့်ကာ

"သူ ဒီပုံစံနဲ့သွားနေရင် ဘယ်အချိန်မှ ရောက်မလဲ သိပ်မသဲကွဲဘူး သူ အောက်ကိုလည်း ရောက်ရော ရေပေါ်ငါးမန်းတွေလည်း နိုးလာတဲ့ အချိန် ဖြစ်သွားရော ထင်တယ်"

ဒါဒါလေး အပိုင်းဆက်မှော်လောကဇာတ်လမ်းWhere stories live. Discover now