အခန်း (၂၃)

44 4 0
                                    

23 01

ဒါဒါလေးနှင့် မှင်စာရွာ (အပိုင်း-၂၃)

"ဒါလေး.. ပြေး!!.. ပြေးတော့!!.."

"ချာ့ရှ်!!.."

ဒါလေး ချာ့ရှ်အား စိုးရိမ်စွာ အော်ခေါ်လိုက်မိသည်။ ချာ့ရှ်ကသည် ကြီးမားထွားကြိုင်းသော ဝံပုလွေ တစ်ကောင်၏ သွားတွင် ချိတ်ဆွဲ ခံထားရပြီး ရုန်းကန်မှု မဲ့နေသည်။ ဒရက်က ဒါလေးကို အနောက်သို့ ပို့လိုက်ပြီး.. နယ်လီနှင့် ဟေဒီအား လက်ဆွဲ ထားသည်။ ထိုနောက်တွင်မူ လှောင်ချိုင့် အတွင်း ဖမ်းထည့်ထားသော အာကာကို တွေ့လိုက်ရ၏။

အာကာက ဒရက်ကို ဘာမှမပြောပဲ ကြည့်နေသည်။ ဒရက်က တစ်ချက်သာ လှမ်းကြည့်လိုက်ပြီးမှ.. ဒါလေးအား..

"ငါတို့ အိမ်ထဲကို ပြန်ဝင်မှ ဖြစ်မှာ.. ဒါလေး.."

"ဘာ.. ငါ အခုအခြေအနေကို နားမလည်ဘူး.."

"နောက်မှ ပြောပြမယ် အခု မင်းအရင် ဝင်သွားတော့.."

ချာ့ရှ်က စတင်ရုန်းကန်လာပြီးလျှင်..

"ဒရက်!!.. ငါ့ကို ကယ်အုံး ငါ့ကို ကယ်ပါအုံး.."

ဒရက်က ဒါလေးတို့ကို ဘာမှ လှည့်မကြည့်တော့ပဲ လက်တစ်ဖက်တည်းနှင့် သုံးဦးလုံးအား ခြံဝန်းအတွင်းသို့ ပစ်ထည့်လိုက်၏။ ဒါလေး နွယ်ပန်းစံအိမ် အတွင်းသို့ ဒုတိယအကြိမ် ပြန်ရောက်လာသည်။ သို့သော် ဒီတစ်ကြိမ်တွင်တော့ ညင်သာစွာ ခိုးဝင်လာတာနှင့် မတူတော့ပဲ.. ဒရက်က ပြင်းထန်စွာ ဆွဲမပြီး ပစ်ထည့်လိုက်တာမို့ မြေပြင်ပေါ်သို့ ကြမ်းတမ်းစွာ ကျလာသည်။

ခေါင်းကို ဘာနဲ့ တိုက်မိသည် မသိပဲ မူးဝေဝေ ဖြစ်သွားမိ၏။ ခြေထောက်က ဘာနဲ့ တိုက်မိမှန်း မသိပဲ ထရပ်လိုက်တော့ ထရပ်လို့ မရပဲ ထော့နဲ့ ထော့နဲ့ ဖြစ်နေသည်။ သို့သော် ဒရက် တစ်ဦးတည်းသာ အပြင်မှာ ကျန်နေခဲ့တာကို ဘယ်လိုမှ စိတ်မချနိုင်ပဲ မရအရ အတင်းထရပ်လိုက်ပြီး ခြံဝန်းအပြင်သို့ ထွက်ရန် ကြိုးစားမိသည်။

ဟေဒီနှင့် နယ်လီကလည်း ဒါလေးလိုပင် အနည်းငယ် နာကျင်နေဟန်ဖြင့် ထရပ်လာကြသည်။ ဒါလေး ဟေဒီနှင့် နယ်လီအား..

ဒါဒါလေး အပိုင်းဆက်မှော်လောကဇာတ်လမ်းWhere stories live. Discover now