အခန်း (၂၆)

42 3 0
                                    

26 01

ဒါဒါလေးနှင့် မှင်စာရွာ (အပိုင်း-၂၆)

သို့သော် ဆန္ဒသည် ဆန္ဒ အဖြစ်သာ တည်ရှိနေခဲ့ပြီး ဒရက်က.. ဒါလေးအား နှစ်သိမ့်လိုသော အပြုံးတစ်ချက်ဖြင့် လှမ်းကြည့် လာတာကို တွေ့လိုက်ရသည်။

"နိုး!!.. ဒရက်.. နိုး!!.."

ဒီအကြည်တွေကို ဒါလေး ရင်းရင်းနှီးနှီးသိသည်။ ဒီအကြည့်တွေကို လွန်ခဲ့သော နှစ်က ဖေဖေဇော်ဂန်ထံမှာ တွေ့ဖူးသည်။ ထိုအကြည့်တွေသည် ဒါလေးကို နှုတ်ဆက် ထားခဲ့နိုင်သော အကြည့်တွေ ဆိုတာကို ပထမ တစ်ကြိမ် ခံစားဖူးပြီး ဖြစ်သည်။

သို့သော်.. ဒရက်က သူ့ရဲ့ လက်သန်းလေးကို မြောက်ချီလိုက်ပြီးလျှင်..

"ဇိုဒန်.. အိုဗန် လီယာ!!.."

ဝင်းခနဲ တောက်ပသွားသော လက်သန်းမှ အလင်းတန်းကို မျက်စိတစ်ဆုံး လိုက်ကြည့်လိုက်ပြီး ဆန္ဒတစ်ခုကို လောက တစ်ခုလုံးကြားအောင် အော်ပြောလိုက်သည်။

"ကမ္ဘာမြေကြီး!!.. ဒီကျောင်းဝန်းထဲက ကျောင်းသားတွေကို အန္တာရယ် ပေးနိုင်တဲ့.. မိစ္ဆာအုပ်စုအား ဖြိုခွင်းပေးပါ.."

ဒီကျိန်စာက အသက်ဝင်စေရန် နောက်ထပ် စေခိုင်းမှု တစ်ခု ထပ်လိုသေးသည် ဆိုတာကို ဒါလေး၏ မိခင်မှ သင်ကြားထားတဲ့ အတိုင်း စေခိုင်းလိုက်သည်။ ကျိန်စာ သက်ရောက်သော အလင်းတန်းသည့် အပြာရောင် ပေါက်ကွဲမှု ဖြစ်သွားပြီး မီးပန်းတွေ ဖြာထွက်လာသည်။ ပြီးနောက် မြေကြီးပေါ်သို့ ကျသွားသည်နှင့် မြေပြင်က အပြာရောင် အနုမြူ မျက်နှာပြင် ကဲ့သို့ ဖြစ်သွား၏။

ကမ္ဘာမြေကြီးအား အသက်ဝင်စေရန် စေခိုင်းနိုင်သည် ဆိုတာကို အခုမှပင် လက်တွေ့ မြင်လိုက်ရတော့မည်။ သို့သော် ဒီတစ်ကြိမ်က ပထမဆုံးနှင့် နောက်ဆုံး အကြိမ်လေလား..၊

ဒရက်၏ အမိန့်သံ အဆုံးတွင် ကမ္ဘာမြေကြီးသည် ကုန်းကွ လှုပ်ရှား လာခဲ့ပြီး လက်တွေ အများကြီးနှင့် လူဝံကြီးနှင့် အသွင်သဏ္ဍာန် တူညီစွာ ရုန်းကြွ လာပြီးလျှင်..

"ဂျွတ်.. ဂျွတ်.."

"ဝရော.. ဗျော.."လက်တွေ အများကြီး ဖြင့် ဝှေ့ယမ်းကာ မိစ္ဆာအုပ်စု အား ဖြိုခွဲ ပစ်လိုက်သည်။ ပျံသန်းလျက် နီးကပ်လာသော မိစ္ဆာတွေသည် အုပ်စုနှင့် ကွဲ ထွက်သွားပြီး ဦးတည်ရာ မဲ့စွာ ပျံသန်းနေသကဲ့သို့ ရှိသည်။

ဒါဒါလေး အပိုင်းဆက်မှော်လောကဇာတ်လမ်းWhere stories live. Discover now