အခန်း (၁၃)

69 8 0
                                    

13 01

ဒါဒါလေးနှင့် မှင်စာရွာ (အပိုင်း-၁၃)

"ဝုန်း!!.."

ဒရက်က သူ့အဖေ ခုန်ဝင်လာတာကို တားဆီးလိုက်ပြီး.. ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ကျွန်တော် အသက် ဆယ့်ရှစ်နှစ်မှာ သေဆုံးလိမ့်မယ်!!.. ဒီမွန်းလောကနဲ့ မှော်လောက ပေါင်းစည်းတဲ့ နေ့မှာ ကျွန်တော် သေဆုံးလိမ့်မယ်.. ဒါပေမယ့် ဒါလေးက ငါတို့ အားလုံးရဲ့ သခင်မ ဖြစ်လာမှာ!!.. သူ့ကို သတ်လို့ မရဘူး!!.."

"ဘာပြောလိုက်တယ်.. ဒရက်.."

ဒါလေးက ထိတ်လန့်စွာ မေးလိုက်တော့ ဒရက်၏ အဖေက ဒါလေးကို ပို၍ အံ့သြစွာ ကြည့်လာသည်။ ပြီးမှ..

"သူက.. မှော်လောကနဲ့ ဒီမွန်းလောကကို ပေါင်းစည်းပေးနိုင်မယ် ဆိုရင် ငါက တစ်လောကလုံးကို ပေါင်းစည်းပေးနိုင်လိမ့်မယ်.. မဖြစ်နိုင်တာ.."

"တကယ်ပြောတာ.. အဖေ!!.."

ဒါလေး ဒရက်ကို ကြည့်လိုက် ဒရက်၏ အဖေကို ကြည့်လိုက်ဖြင့် အကြည့်တွေ ချာချာလည်လာ သလို ခံစားလိုက်ရသည်။ ဒရက်ကလည်း တည်ကြည်စွာ ရှိနေ၏။ နောက်တော့ ဂရေးက ဒရက်အနားတွင် ရပ်လိုက်ပြီးမှ..

"အဖေ.. ဒရက်က ရင့်ကျက်မှု လိုသေးပေမယ့် သူ တစ်ခါမှ မညာဖူးဘူးနော်.. သေချာတွေးသင့်တယ်.."

"မင်းက သေသွားတယ်လို့ မင်းပြောနေတာလား ဒရက်.. မင်းက ငါ့သား.."

ထိုအခါ ဒရက်က ခေါင်းညိတ်လိုက်ပြီမှ..

"ငါတို့က ဒီမွန်းတွေ အဖေ အနာဂတ်ကို မယုံကြဘူး.. ဒါပေမယ့် သူ့ရဲ့ အနာဂတ်ကို ငါတို့ စောင့်ကြည့်ရအောင်.."

ဒရက်က ပြောလိုက်တော့ ဂရေးကပါ လက်ကာပြလိုက်ရင်းဖြင့်..

"ဟုတ်တယ် အဖေ ငါတို့ ဒရက်ပြောသလိုပဲ စောင့်ကြည့်လိုက်ကြမယ်.. မင်းလည်း သိသားပဲ ဒရက်က သူ့ကိုယ်သူ ဘယ်လို ကာကွယ်ရမယ် ဆိုတာကို သိပါတယ်.. ငါတို့ အားလုံးထက်ကို သူက ပါးနပ်သေးတာပဲ မဟုတ်ဘူးလား အဖေ.."

ဂရေးက ထပ်ဆင့် ဆိုလိုက်တော့ ဒရက်၏ ဖခင်က ဒါလေးကို တစ်ချက်မျှသာ လှမ်းကြည့်လာပြီးလျှင်..

ဒါဒါလေး အပိုင်းဆက်မှော်လောကဇာတ်လမ်းWhere stories live. Discover now