အပိုင်း (၁၀)

Comenzar desde el principio
                                    

"ငါက ဘယ်လို ဆင်းရမလဲ ငါက သူ့လိုတောင် မဆင်းရဲဘူး"

"ကြိုးတစ်ချောင်း မြန်မြန်သွားရှာ ရအောင် လာခဲ့!"

"ဒီမှာ ကြိုးဘယ်လို တွေ့မလဲ ဆယ်ဆာဗန်ထဲမှာ သွားရှာမှပဲ ရမယ်"

"အဲ့တာဆိုရင်တော့ နေပါစေတော့ ဗြိ ဗြိ"

"မင်း ဘာလုပ်နေတာလဲ"

ကြိုးယူဖို့ မလွယ်တာကြောင့် ဒရက်က သူဝတ်ထားသော အင်္ကျီကို ဖြဲပစ်လိုက်ပြီး အစတွေကို ချည်လိုက်တော့ အတော်အတန် ရှည်သော ကြိုးကဲ့သို့ အသုံးပြုလို့ရ သွားသည်။ ထို့နောက် ဒရက်က သူမရှေ့တွင် ဒူးတစ်ဖက်ထောက် ထိုင်လိုက်ပြီး

"ငါ့ကျောပေါ်တက်"

"နင် ရူးသွားပြီလား ငါ့ခန္ဓာကိုယ်က"

"နင်ခန္ဓာကိုယ်က မှော်မရှိဆိုတော့ ပုံမှန်ပဲ နင်နဲ့နယ်လီနဲ့ သွားနေတာကို စောင့်နေရင် မင်းအဖေပြန်ထွက်လာမှ ငါတို့ ဆရာကြီးရဲ့ ရုံးခန်းကို ရောက်လိမ့်မယ် တက်ဆိုရင် တက်လိုက်တော့"

ဒရက်ရဲ့ ကျောပေါ်သို့ တက်လိုက်တော့ ဒရက်က ခုနတုန်းက ကြိုးလို လုပ်ထားသည့် အင်္ကျီအပြဲစတွေနှင့် သူမ၏ကျော နှင့် သူခါးတွင် ယှက်သိုင်းကာ စည်းနှောင်လိုက်ပြီး ပိုနေသော အစများကို ဆုပ်ကိုင်ထားလိုက်ပြီး

"မှော်မရှိတွေက ဒီလို ပုံစံတွေကို ကြိုက်ချင်မှ ကြိုက်မှာ ငါ့ကို သေချာ ကိုင်ထားနော် ငါ့ကလည်း လူနှစ်ယောက် တင်ပြီး ခုန်တာ ပထမဆုံးပဲ"

"လူနှစ်ယောက်!"

တအံ့တသြမေးလိုက်တုန်း ရှိသေးသည် ဒရက်က ချောက်ကမ်းပါး အောက်သို့ တစ်ချက် ကြည့်ပြီး ခုန်ဆင်းလိုက်ရာ

"အား!! ဒရက် မင်း ရူးနေလား ဒါက ကိုယ့်ကိုယ်ကို သေကြောင်းကြံတာပဲ ဒါက အား!!!"

ဒရက်က နယ်လီနားသို့ ရောက်တော့ နယ်လီကို ဆွဲမလိုက်ပြီး ပိုနေသော ကြိုးဖြင့် နယ်လီကို ရစ်ပတ်ကာ သူ့ရင်ဘတ်တွင် သိုင်းချည်လိုက်၏။ ပြီးတော့ ထိုနေရာမှ ပြန်လည် ခုန်ထွက်လိုက်ပြီး

ဒါဒါလေး အပိုင်းဆက်မှော်လောကဇာတ်လမ်းDonde viven las historias. Descúbrelo ahora