Jin သူမ နဖူးစပ်နားလေးမှာရှိတဲ့ ဆံနွယ်လေးတွေကို သိမ်းဖယ်ပေးရင်း သူမ မျက်နှာလေးကို ကြည့်ကာ နာကျင်မှုတွေ ကြားထဲက ပြုံးမိသည်။ သူမ မျက်နှာက ပကတိ အိပ်နေတဲ့ အတိုင်းသာ ......

"Soon နိုးလာရင် ကိုယ်တို့ အမြန်ဆုံး လက်ထပ်ရမယ် ...... Soon က တစ်နေ့တစ်ခြား လှလာတော့ ကိုယ် စိတ်မချနိုင်တော့ဘူး ...... Soon ကိုယ့်ကို လက်ခံမယ် မဟုတ်လားဟင်"

မျက်ရည်မကျပါဘူး ဆိုပြီး ထိန်းထားတဲ့ကြားက သစ္စာမဲ့စွာ မျက်ရည်တွေက ကျလာပြန်သည်။

"Mianae ...... Soon yah ...... ကိုယ်လေ တကယ်ကို သတ္တိမရှိသေးဘူး ...... Soon ကို လက်လွှတ်လိုက်ဖို့ ကိုယ်တကယ်ကို သတ္တိ မရှိသေးတာ ... Soon ပင်ပန်းနေမှာကို သိပေမယ့် ကိုယ် Soon ကို အတ္တကြီးကြီးနဲ့ ဆွဲထားပါရစေနော် ...... ကျေးဇူးပြုပြီး ကိုယ့်ဆီ ပြန်လာခဲ့ပါနော် ...... ဘယ်လောက်ကြာကြာ ကိုယ်စောင့်နေပါ့မယ်"

အခန်းရဲ့ အပြင်ဖက်မှာတော့ သူတို့နှစ်ယောက်ကို ကြည့်ကာ ငိုကြွေးနေတဲ့ ကောင်မလေး တစ်ယောက်ရှိနေလေရဲ့ ...... Soon Young ဆေးရုံရောက်ပြီးကတည်းက သူမ ဆေးရုံကို ခဏခဏလာကာ Soon Young ကို လာကြည့်ဖြစ်ခဲ့ပေမယ့် အခန်းဝမှ လှည့်ပြန်ခဲ့သည်ချည်းသာ ...... သူမ Soon Young ကို အခုချိန်ထိ တစ်ခါမှ မျက်နှာချင်းဆိုင် မတွေ့ရဲသေးဘူးလေ ...... သူမ အဖေရဲ့ လုပ်ရပ်တွေကြောင့် သူမ အမေရဲ့ အငြိုးအတေးတွေကြောင့် ဓါးစာခံဖြစ်သွားရတဲ့ သူတို့ကို သူမ ဘယ်လိုမျက်နှာနဲ့ရင်ဆိုင်ရဲမှာလဲ ...... အဝေးကနေ Soon Young အတွက် သူမ လုပ်ပေးနိုင်တဲ့ ဆုတောင်းခြင်းကိုသာ အဖန်ဖန်တလဲလဲ လုပ်ပေးရင်း ...... Soon Young ပြန်နိုးလာဖို့ မျှော်လင့် နေမိ၏။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အမှောင်အတိ လွှမ်းနေတဲ့ နေရာမှာ ထွက်ပေါက်တစ်ခု တွေ့လိုတွေ့ညား သူမ လိုက်ရှာနေမိသည်။ သူမ ဒီနေရာမှာ နေရတာ အသက်ရှုမဝဖြစ်ကာ မွန်းကြပ်လှပြီ ...... သူမ အမှောင်ထဲမှာ လျှောက်ရင်း လျှောက်ရင်းမှ မှုန်ပြပြ အလင်းတန်းလေး တစ်ခုတွေ့တာကြောင့် သူမ အားရဝမ်းသာဖြင့် ထို အလင်းတန်းလေး ဆီသို့ ပြေးသွားမိ၏။ အလင်းတန်းလေးနှင့် တဖြည်းဖြည်း နီးလာလေလေ ပုံရိပ်တစ်ခုက ပိုပြီး ထင်ရှားလာလေလေ တာကြောင့် မောပန်းပြီး အားအင်ကုန်ခမ်းနေသည့် တိုင်အောင် ထို အလင်းတန်းနှင့် နီးရာသို့ တဖြည်းဖြည်း သူမ တိုးသွားမိလေသည်။

String [Completed]Where stories live. Discover now