"အင်း ...... parli"
အခက်အခဲ အတားအဆီးတွေ ပင်ပန်းမှုတွေ အားလုံး ချစ်ရသူရဲ့ အပြုံးအောက်မှာ မေ့ပျောက်စေခဲ့သည်။ ဖြစ်နိုင်ရင် ဒီအခိုက်အတန့်လေးကို ခဏလေးပဲဖြစ်ဖြစ် ရပ်ထားချင်သည်။ သူ့ အနားက ထွက်မသွားခင် အချိန်လေးအထိတော့ သူ့ရဲ့ အပြုံးလေးတွေကို အမြဲမြင်တွေ့ရပါစေလို့ သူမ ဆုတောင်းမိလေရဲ့ ......
**Jin ကို မပြောမဆိုဘဲ Soon ထွက်သွားတဲ့ အချိန်ကျရင် Soon ကို မုန်းလိုက်ပါ Jin ရယ်**
နှုတ်မှထွက်မလာနိုင်တဲ့ ရင်တွင်း စကားသံလေးကတော့ သူမ မျက်ဝန်းတွေထဲမှာ ပဲ့တင်ထပ်လျက် .........
xxxxxxxxxxxxxxxxx
Soon Young နှင့်အတူ Jin ...... Store Manager Jaung နေထိုင်ရာ ရပ်ကွက်ထဲသို့ ထွက်လာခဲ့၏။ အဖေ့မှာ အပြစ်မရှိကြောင်းပြနိုင်ဖို့က သူက တစ်ဦးတည်းသော အဓိက သက်သေလေ ...... Store Manager အိမ်ရှေ့ရောက်လို့ လူခေါ်ခေါင်းလောင်းနှိပ်လိုက်တော့ အသက် သုံးဆယ်ကျော်လောက်ရှိမယ့် အမကြီး တစ်ယောက်ထွက်လာလေသည်။
"အမ ...... ဒါက Manager Jaung နေတဲ့ အိမ်ဟုတ်ပါတယ်နော်"
"ဟုတ်ပါတယ် ...... ဘာကိစ္စလဲ"
"ကျွန်တော်က သူ့ Company က သူဌေးပါ ...... သူ အိမ်မှာရှိလား ...... သူ့ကို တွေ့လို့ရမလား မသိဘူး"
"သူလား ...... အိမ်ကို ပြန်မလာတာ ကြာလှပြီ ...... ရှင်တို့ သူ့ကို ရှာတွေ့ရင် ပြောလိုက်စမ်းပါ ...... အိမ်ကိုပြန်မလာချင်ရင် ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပြီးသွားလို့"
"ဝုန်း" ခနဲ တံခါးပိတ်သံနှင့် အတူ သူတို့မျှော်လင့်ချက်တွေပါ ပြိုကျသွားလေသည်။ Jin ခေါင်းငိုက်စိုက်ချကာ တံခါးဝမှာ ထိုင်ချလိုက်မိသည်။ ကြာရှည်လက်တွဲပြီး အလုပ်လုပ်လာခဲ့တဲ့ သူမို့လို့ Mr.Shin နဲ့ အတူတွေ့လိုက်တယ်လို့ Chal Lin ပြောတာတောင် မဟုတ်လောက်ပါဘူးလို့ ယုံကြည်ထားခဲ့တာ ...... အခု အဖေ့ကို ဘယ်လိုကယ်ရမှန်း သူ စဉ်းစားလို့မရတော့
"Jin......"
တိုးတိတ်ညင်သာတဲ့ ခေါ်သံနှင့်အတူ သူ့ပခုံးပေါ်ရောက်လာတဲ့ လက်တစ်ဖက်ကြောင့် သူ ခေါင်းငဲ့ကြည့်လိုက်မိတော့ အရည်လဲ့နေတဲ့ မျက်ဝန်းတွေနှင့် သူ့ကို ကြည့်နေတဲ့ Soon Young ...... သူသိပါတယ် အခုချိန်မှာ သူမ စိတ်ထဲကနေ သူမကိုယ်သူမ အပြစ်တင်နေမယ် ဆိုတာကို သူ ကောင်းကောင်းသိနေသည်။ Chal Lin ပြောကတည်းက သူမ မျက်နှာ မကောင်းဖြစ်နေခဲ့တာ ...... သူမက သူ့ကို ခပ်ယဲ့ယဲ့လေး ပြုံးပြလာရင်း ......
String (Final)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)