"အဖေက ဘယ်လို ပြောခဲ့လဲ"
"သူ့ သမီးနဲ့ ကိစ္စကိုတော့ အဖေက ဘာမှငြင်းစရာမရှိပါဘူး ...... သား သဘောပေါ်မှာပဲ မူတည်တာလေ ...... စီးပွါး ပိုဖြစ်မယ် ဆိုတဲ့ ကိစ္စကိုတော့ အဖေ လက်မခံနိုင်ဘူး ...... ဒါက လူငယ်တွေ လက်ထပ်ကြတာပဲလေ ...... အိမ်ထောင်ပြုတယ် ဆိုတာ စီးပွါးတွက် တွက်လို့မှ မရတာ ...... ပြီးတော့ သူတို့က အဖေတို့ထက် အများကြီးချမ်းသာပါတယ် ... အဲ့ဒါနဲ့ အဖေလည်း သား သဘောအတိုင်းပဲ လုပ်မယ် လို့ပြောခဲ့တယ် ...... သူကတော့ အဖေ့စကားကို သိပ်ပြီး ကျေနပ်ပုံမရဘူး"
Jin စိတ်ရှုပ်စွာဖြင့် သက်ပြင်းချလိုက်မိသည်။ Soon Young စိုးရိမ်နေသလို မြှားဦးက သူ့ဆီကို ရောက်လာပြီလား ဟူ၍လည်း တွေးလိုက်မိ၏။ သူကိုယ်တိုင် လာပြောတဲ့ ကိစ္စကို ငြင်းလိုက်လို့ Mr.Shin အလိုမကျရင် တစ်ခုခုဖြစ်တော့မယ် ဆိုတာ အဖေလည်းကြိုသိထားပုံရလေသည် ဒါပေမယ့် အဖေကတော့ သူ့ကို အတင်းအကြပ် တိုက်တွန်းခြင်းမရှိဘဲ သူ့ဆီက ပြန်လာမယ့် စကားကိုသာ စောင့်နေ၏။
"ကျွန်တော့်မှာ ချစ်ရတဲ့သူ ရှိတယ် အဖေ ...... ကျွန်တော် ချစ်တဲ့သူကိုပဲ ကျွန်တော် လက်ထပ်ချင်တယ် ...... သူကလွဲပြီး အခြား ဘယ်သူ့ကိုမှ လက်မထပ်နိုင်ဘူး"
"အဲ့ဒါဆို အဖေ သူ့ကို အဲ့လိုပဲ ပြန်ပြောလိုက်မယ် ......သူကတော့ သူကိုယ်တိုင်တောင် တကူးတက လာပြီး ပြောတဲ့ ကိစ္စဆိုတော့ အဖေတို့ငြင်းလိုက်ရင် ကျေနပ်မှာတော့ မဟုတ်ဘူး ......ပြီးတော့ သူက သမီးရှင်လေ ... ဒါပေမယ့်လည်း သားသဘောက ပိုအရေးကြီးပါတယ်"
"ကျွန်တော့်ကို နားလည်ပေးတာ ကျေးဇူးတင်ပါတယ် အဖေ ...... မနက်ဖြန် ဒီကိစ္စကို ကျွန်တော် ကိုယ်တိုင်ပဲ သွားပြောလိုက်ပါ့မယ်"
"အင်းလေ ...... သူ စိတ်မခုအောင်တော့ ပြောခဲ့ပေါ့"
"ဟုတ် အဖေ"
"အဖေ တစ်ခုတော့ သိချင်မိတယ် ...... သူ့ သမီးနဲ့ သားကို သဘောတူတယ် ဆိုရင် အစကတည်းက ပြောလည်းရရက်နဲ့ ဘာလို့ အခုမှ ရုတ်တရက်ကြီး ပြောလာတာလဲ မသိဘူး ...... အဲ့ဒါတစ်ခုက တော်တော်ထူးဆန်းတယ်"
အဖေ ပြောမှ သူ့အထင် ပိုသေချာသွားလေသည်။ Mr.Shin က Soon Young နဲ့ ပတ်သက်ပြီး တစ်ခုခုလုပ်ချင်လို့ ဒီကိစ္စကို စီစဉ်ပုံရသည် ...... အဖေ့ ဘက်ကလည်း မငြင်းဘဲ လက်ခံမယ်လို့လည်း သူတွက်ထားမှာ သေချာသည်။ အခု သူ့အထင်တွေက လွဲနေတော့ သူ မကျေမနပ်ဖြစ်မှာ မလွဲ ......
String (Part 31)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)