"ကျေးဇူးတင်ပါတယ် ကွာ ...... သမီးက ခေါင်းမာတော့ မင်း အတွက် မလွယ်ဘူး ဆိုတာသိပါတယ် ...... ဒါပေမယ့် သူ့ကိုတော့ မမုန်းလိုက်ပါနဲ့လို့ ဦးလေး ကြားထဲကပဲ တောင်းပန်ချင်တယ်"
"ရပါတယ် ...... ကျွန်တော် သူ့စိတ်ကို နားလည်နိုင်ပါတယ် ...... ကျွန်တော်လည်း ဦးလေး လိုပဲ သူ့ကို စိုးရိမ်တယ် ... အဲ့ဒါကြောင့် ဖြစ်နိုင်ရင် သူ့ကို ခေါ်ပြီး တစ်နေရာရာ ကို ထွက်သွားလိုက်ချင်တယ် ...... ဒီ အရှုပ်အထွေးတွေ အားလုံးနဲ့ ဝေးရာ တစ်နေရာပေါ့ ...... ရှောင်ပြေးသလိုတော့ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒါက ဘယ်သူ့ကိုမှ မထိခိုက်ဘဲ အဆင်ပြေဆုံး ဖြစ်မယ်လို့ ကျွန်တော် ထင်တယ်"
"အင်း ...... တကယ်လို့ မင်း သူ့ကို ပြောလို့ရရင် ဒီကနေ ထွက်သွားဖို့ အတွက် ဦးလေး အကုန်စီစဉ်ပေးမယ် ..."
"nae ... ကျွန်တော်ကြိုးစားကြည့်ပေးပါ့မယ်"
သူ ကတိပေးလိုက်မှ Mr.Shin မျက်လုံးတွေ အရောင် ပြန်လက်လာကာ သူ့ကို ကျေးဇူးတင်ကြောင်း အထပ်ထပ် ပြောနေလေတော့သည်။
xxxxxxxxxxxxxxxxxxxxxxxxx
Choi arjushi နှင့် တွေ့ပြီး Jin အိမ်ပြန်လာတော့ သူ့ကို စာကြည့်ခန်းထဲမှာ အဖေ စောင့်နေကြောင်း အမေက ဆီးပြောလေသည်။ သို့နှင့် သူလည်း အဖေ့ အခန်းထဲ မဝင်ခင် အဖေ့ စာကြည့်ခန်းထဲသို့ အရင် ဝင်ခဲ့၏။ သူ့ကို မြင်တော့ အဖေက ထိုင်ခိုင်းကာ
"သား ...... Mr.Shin ရဲ့ သမီး Hyeri ကို ဘယ်လိုသဘောရလဲ"
"ဘာဖြစ်လို့လဲ အဖေ ...... ကျွန်တော်ကတော့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ထက် မပိုပါဘူး"
"ဘာမှမဖြစ်ပါဘူး ...... ဒီနေ့ Mr.Shin အဖေ့ဆီ လာသွားတယ် ...... အဓိက ကတော့ သားရေးသမီးရေး ကိစ္စပေါ့ သူ့သမီးကို သားနဲ့ သဘောတူတယ်တဲ့ ...... သားတို့နှစ်ယောက်ကိုသာ လက်ထပ်ပေးလိုက်ရင် အဖေတို့ စီးပွါးနှစ်ခုလည်း ပေါင်းနိုင်ပြီး ပိုပြီး အကျိုးအမြတ်ရှိမယ်ပေါ့ကွာ"
အဖေ့စကားကြောင့် Jin အနည်းငယ် စိုးရိမ်သွားမိသည်။ အဖေသာ လက်ခံဖို့ စကားပြောထားခဲ့မယ်ဆို သူ ငြင်းဖို့ ခက်ခဲသွားပြီလေ။ သူ သိချင်ဇောဖြင့် အဖေ့ကို အလောတကြီး ပြန်မေးလိုက်မိ၏။
String (Part 31)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)