Choi arjushi စကားကြောင့် သူ ငြိမ်ကျသွားမိသည်။ Arjushi ယုံကြည်ထားတဲ့ သူကရော လုပ်နိုင်ပါ့မလား သူကိုယ်တိုင်တောင် မသေချာ ......

"Soon Young က လက်စားချေချင်စိတ်တွေ အရမ်းများနေပြီ ...... ဒီလိုနဲ့ သူ တစ်ခုခု ဖြစ်သွားမှာ ဦးလေး စိုးရိမ်တယ် ...... အခုလည်း Company ကို မသွားပါနဲ့လို့ အတန်တန်တားနေတဲ့ ကြားက သွားတယ် ...... ဦးလေး စပေးမိတဲ့ ဇာတ်လမ်းကို ဦးလေးကိုယ်တိုင် အဆုံးမသတ်နိုင်တော့ဘူးထင်တယ် ...... အဲ့ဒါကြောင့် မင်းကပဲ သူ့ကို ထိန်းပေးပါကွာ ...... ဦးလေး တောင်းဆိုတာပါ"

"ကျွန်တော်လည်း ဦးလေး တောင်းဆိုတာကို လုပ်ပေးချင်ပါတယ် ...... ဒါပေမယ့် ဦးလေး သိတဲ့ အတိုင်း အခု Soon Young က ကျွန်တော့်ကို လုံးဝ လက်မခံတော့ဘူး ...... ကျွန်တော့် ဖုန်းကိုတောင် မကိုင်လို့ ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတာ"

Choi arjushi က စားပွဲပေါ်တင်ထားတဲ့ သူ့လက်ကို အားကိုးတကြီး ဆုပ်ကိုင်ကာ

"မင်း ပြောရင်ရမှာပါ ...... နည်းနည်းလောက်ပဲ သီးခံပြီး ပြောကြည့်ပေးပါ ...... သမီးက မင်းကို ချစ်နေတုန်းပဲ ဆိုတာ ဦး သိသလို မင်းလည်း သိမှာပါ ...... ကျေးဇူးပြုပြီး ကူညီပါကွာ ...... သမီး ဒီထက်ပိုပြီး နစ်မြုပ်သွားမှာ ဦး စိုးရိမ်လို့ပါ ...... Mr.Shin ကို တခါတည်း ရှင်းလို့ရနိုင်မယ့် နည်းလမ်းတော့ရှိပေမယ့် အခုက အချိန်မတန်သေးလို့ မရသေးဘူး ... ဒီကြားထဲမှာ ... သမီးလေး တစ်ခုခုဖြစ်သွားရင် ...... ဦး ရင်ကျိုးရမှာ ...... တကယ် တောင်းပန်ပါတယ် ...... ကူညီပေးပါ"

ဖြစ်နိုင်ရင် သူလည်း Choi arjushi ပြောတာကို လုပ်ပေးချင်ပါသည်။ ဒါပေမယ့် ခက်တာက Soon Young ...... သူမ အကျင့်ကိုက အရမ်းခေါင်းမာလွန်းသည်။ သူ့ကို ချစ်နေရဲ့သားနဲ့တောင် မရမက ဒီလက်စားချေဖို့ကို ရှေ့ဆက်တိုးတာကိုပဲ ကြည့်တော့ ...... တခါတလေကျတော့ Jimin အကြံပေး သလိုများလုပ်လိုက်ရင် ကောင်းမလားလို့ စိတ်ကူးပေါက်မိသည်။ Choi arjushi က အကြီးအကျယ် စိတ်ညစ်နေပုံရလေသည်။

"ကောင်းပါပြီ ...... ကျွန်တော် ပြောကြည့်ပေးပါ့မယ် ဦးလေး ...... စိတ်မပူပါနဲ့ ကျွန်တော်တို့ သူ့ဘေးနားမှာ ရှိနေသရွေ့ သူ ဘာမှ မဖြစ်ပါဘူး"

String [Completed]Where stories live. Discover now