"သမီး ကို ပြောစရာရှိလို့ ထိုင်ဦး"
Hyeri က သူ့ ရှေ့က ခုံမှာ ဝင်ထိုင်ရင်း
"အဖေ ဘာပြောစရာ ရှိလို့လဲ"
"ဟိုနေ့က Ji Na ကိစ္စက သမီးလုပ်တာဆို ...... ဘာလို့ အဖေ့ကို မတိုင်ပင်ရတာလဲ ...... မတော်လို့များ သမီး ခိုင်းတယ် ဆိုတာသာ သိသွားရင် ဘယ်လောက်တောင် ကြီးမားတဲ့ ကိစ္စကြီး ဖြစ်သွားမလဲ သမီးသိလား"
"တောင်းပန်ပါတယ် ... အဖေ ... သမီး စိတ်လိုက်မာန်ပါ လုပ်မိသွားတယ် ... ဒါပေမယ့် သမီးကတော့ အဲ့ဒီ့အတွက် နောင်တရနေမှာ မဟုတ်ဘူး ...... သူ စည်းကျော်တာတွေ များနေပြီ ...... ပထမ သမီးရဲ့နေရာ ...... အခု Jin ...... ဘာလို့ သမီး ခြေလှမ်းလိုက်တဲ့ နေရာတိုင်းမှာ သူရှိနေမှန်းကို သမီးနားမလည် နိုင်တော့ဘူး ...... အခု ကိစ္စကလည်း သူ့ကို ဦးကျိုးသွားအောင် လုပ်တာ"
"Jin ဆိုတာက ...... Park Jin ဆိုတဲ့ ကောင်လေးလား"
Hyeri ခေါင်းညိမ့်ပြတော့ Mr.Shin ပြုံးလိုက်မိသည်။
"ဘာမှ မပူနဲ့ သမီး ...... သမီး အဆင်ပြေစေရမယ် ...... နောက်ပြီး သမီးကို ဒုဥက္ကဋ္ဌရာထူးပေးဖို့ အဖေ အစည်းအဝေးမှာ ပြောထားတယ် ... နောက်ဆိုရင် အဖေ့ကို အသိမပေးဘဲ သမီး စိတ်လိုက်မာန်ပါ ဘာမှမလုပ်ပါနဲ့ ...... ဟုတ်ပြီလား"
"ဟုတ်ကဲ့ပါ ...... အဖေ"
Hyeri ပြန်ထွက်သွားတော့ Mr.Shin အားရပါးရ ရယ်မိသည်။ သူ Jin ကို လုံးဝ မေ့နေခဲ့တာ ...... Jin က Soon Young ရဲ့ ချစ်သူဆိုတာကို သူလုံးဝ မေ့နေခဲ့တာ ...... အခုတော့ သူမ ကျရှုံးနိုင်မယ့် အကွက်ကို သူတွေ့ပြီပေါ့ ......
xxxxxxxxxxxxxxxxxxxxxxxxxxxxx
Choi arjushi ချိန်းထားသည့် နေရာသို့ Jin ထွက်လာခဲ့၏။ သူရောက်သွားတော့ Choi arjushi က ရောက်နှင့်နေပြီ။ သူ အကဲခတ်မိသလောက် Choi arjushi မျက်နှာသိပ်မကောင်းလှပေ။ သူ Arjushi ကို ဂါရဝပြုရင်း ဝင်ထိုင်လိုက်ကာ
"ဦးလေး ...... ဘာကိစ္စ ရှိလို့လဲ"
"မင်းကို ဒီလို အကူအညီ တောင်းရတာတော့ အားနာပါတယ် ကွာ ... ဒါပေမယ့် မင်းမှ မဟုတ်ရင် ဘယ်သူမှ မလုပ်နိုင်ဘူးထင်လို့ပါ ...... ကျေးဇူးပြုပြီး Soon Young ကို တားပေးပါကွာ"
String (Part 31)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)