သူ့ကို မျက်စောင်း တခဲခဲဖြင့် ခြိမ်းခြောက်နေသော သူမကို ကြည့်ကာ သူ မျက်နှာလေးပင် ငယ်သွားမိသည်။ တကယ်တော့ သူမ ရှက်သွားမလားလို့ တမင် သူ နောက်လိုက်တာ ...... အခုတော့ သူ့နားရွက်နာသွားပြီး စိတ်ဆိုးခံရတာပဲ အဖတ်တင်လိုက်သည်။
"ငါကလည်း နောက်တာပါဟာ ...... ငါတို့တွဲနေတဲ့ အတောအတွင်း နင့်ကို အခွင့်အရေး ယူဖို့မပြောနဲ့ အဲ့လိုစကားတွေ အရိပ်အမြွက်တောင် မပြောခဲ့ဘူး ဆိုတာ နင်လည်း သိသားနဲ့ ...... ဒီတခါလေးပဲ ပြောမိတာပါ"
"တစ်ခါလည်း မပြောနဲ့ ...... မကြိုက်ဘူး ......"
"အင်းပါ ...... မကြိုက်ဘူး ဆိုလည်း မပြောတော့ပါဘူး ...... ဟုတ်ပြီလား ...... လာ ...... အိမ်အောက်သွားကြရအောင် ..."
Jimin သူမ လက်လေးကို ဆွဲကာ အိမ်အောက်ဆင်းလာခဲ့၏။ သူမ ကတော့ သူ့ကို မကျေမနပ်နှင့် နှုတ်ခမ်းစူကာ သူ့နောက်မှ ပွစိပွစိပြောရင်းဖြင့် ပါလာလေသည်။ သူမရဲ့ မဆုံးနိုင်တဲ့ ဒဿ န တွေထဲမှာ သူကြားလိုက်တာကတော့ ကိုယ်ချစ်ရတဲ့ သူကို အသက်နှင့်ထပ်တူ မြတ်နိုးတန်ဖိုးထားရမယ်တဲ့လေ ......
xxxxxxxxxxxxxxxxxxxxxxxxxxx
"ဆရာ ...... Choi Ji Na ကိစ္စကို ခိုင်းတဲ့သူ သိရပါပြီ"
Mr.Shin စိတ်လှုပ်ရှားစွာဖြင့် သူ့ အတွင်းရေးမှူးကို မျက်ခုံးပင့်ကြည့်လိုက်သည်။ ဟိုနေ့က Ji Na ကို ဘယ်သူတွေ ခေါ်သွားတာလဲ သူအရမ်းကို သိချင်နေမိတာ ...... တကယ်လို့ ပူးပေါင်းလို့ရမယ့် သူသာ ဆိုရင် သူ့အတွက် အင်အားတစ်ခုရနိုင်သည်။
"ဘယ်သူလဲ ...... ဘယ်လုပ်ငန်းကလဲ"
"မမလေး Hyeri ပါ"
"ဘာ???"
"အရမ်းတော့ မစိုးရိမ်ပါနဲ့ ဆရာ ...... မိသွားတဲ့ ကောင်တွေကို ကျွန်တော် နှုတ်ပိတ်ခိုင်းထားပါတယ် ...... ဘာအကြောင်းကြောင့်မှ မမလေးကို အမှုပတ်လာမှာ မဟုတ်ပါဘူး"
သူ မျှော်လင့်ထားတာနှင့် သီးခြားစီဖြစ်နေတာကြောင့် Mr.Shin အံ့သြရသည်။ Hyeri က ဘာလို့ ဒီလိုလုပ်ရတာလဲ ...... သူ့ သမီးကို ဒီအရှုပ်တွေကြားထဲ ဝင်မပါစေချင်လို့တောင် Ji Na က Soon Young ဆိုတာကို မပြောပြဘဲ နေခဲ့တာ ...... ဒါကို ဘာလို့များ ...... မဟုတ်မှလွဲရော Hyeri သိသွားခဲ့တာလား ...... ဘာပဲဖြစ်ဖြစ် သူ့ကို တိုင်ပင်နေကျ သူ့သမီးက အခုလိုလုပ်လိုက်တယ် ဆိုတာ သူ့အတွက်တော့ စဉ်းစားစရာတွေ အများကြီးဖြစ်သွားစေသည်။ Hyeri ကို ခေါ်ခဲ့ဖို့ သူ့အတွင်းရေးမှူးကို ခိုင်းလိုက်၏။ ခဏကြာတော့ သူ့ အတွင်းရေးမှူးနှင့် အတူ Hyeri ရောက်လာလေသည်။ Mr.Shin အတွင်းရေးမှူးကို အပြင်ထွက်ခိုင်းလိုက်ကာ
String (Part 31)
Magsimula sa umpisa
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)