"အင်း ...... နင် ပြောသလိုပဲ ...... သူ အဆင်ပြေမှာပါ ...... နင် သူနဲ့ရင်းနှီးချင်တယ်ဆို Chal Lin ကို မိတ်ဆက်ခိုင်းလေ ...... Chal Lin က သူနဲ့ အခန်းဖော် ဖြစ်ခဲ့တာ"
"ဟုတ်သားပဲ ...... Chal Lin ပြောထားတာလည်းရှိတာပဲ ...... အခု သူ့ကို Soon Young မှန်း မသိစေချင်တာကိုလည်း ငါ နားလည်တယ် ...... သူ့ ပြဿ နာတွေ အမြန်ဆုံးပြီးသွားရင် သိပ်ကောင်းမှာပဲနော်"
"ငါလည်း အဲ့လိုဖြစ်ဖို့ မျှော်လင့်ပါတယ် ...... ဒါနဲ့ ဒီနေ့ငါ့ကို ငါတို့ လက်ထပ်ပြီးရင် နေမယ့် အခန်းပြဖို့ ခေါ်တာ မဟုတ်လား"
"arr ...... ဟုတ်သားပဲ နင်က Soon Young အကြောင်းအရင်ပြောလိုက်တော့ မေ့သွားတယ် ... လာလေ အိမ်ပေါ်သွားကြမယ်"
Hae Yoon က ဦးဆောင်ကာ သူတို့နေဖို့ ပြင်ထားတဲ့ အခန်းကို လိုက်ပြလေသည်။ မင်္ဂလာဆောင်ပြီးရင် နှစ်ယောက်တည်း သီးသန့်နေချင်ပေမယ့် Hae Yoon အမေ တစ်ယောက်တည်း ကျန်ခဲ့မှာကြောင့် Hae Yoon တို့ အိမ်မှာနေဖို့ ဆုံးဖြတ်လိုက်ခြင်းသာ ......
"ဘယ်လိုနေလဲ Jimin ...... သဘောကျရဲ့လား"
Jimin သူမ ခါးလေးကို နောက်ကနေဖက်ကာ သူမ ပုခုံးပေါ်မေးတင်ရင်း
"အင်း ...... သဘောကျတာထက်တောင် လွန်သေးတယ် ...... arr စိတ်ကူးနဲ့တင် ပျော်ဖို့ကောင်းနေပြီ ...... ငါတော့ လက်ထပ်ပွဲနေ့ မြန်မြန်ရောက်ပါစေလို့ ဆုတောင်းမိတယ် သိလား"
သူ့ စကားကြောင့် သူမ ပြုံးလိုက်တော့ သူမ ပါးမို့မို့လေးကို လှမ်းနမ်းလိုက်မိသည်။ နှစ်ယောက်သား မင်္ဂလာဦး အခန်းလေးကို ကြည့်ကာ စိတ်ကူးကိုယ်စီဖြင့် ငြိမ်နေမိကြရင်းမှ
"Hae Yoon ahh!! ငါတို့လေ ...... ဒီနေ့ အဆင့်တက်ကြရင် မကောင်းဘူးလား ...... နင့် အမေလည်း အိမ်မှာမရှိ ... အားးး"
သူ့စကား မဆုံးခင်မှာပင် သူမ လက်က လျှင်မြန်စွာ သူ့နားရွက်ကို ဆွဲလိမ်လိုက်တာကြောင့် Jimin သူမကို လွှတ်ကာ သူ့နားရွက်ကို ပွတ်နေမိသည်။
"Park Jimin ...... နောက်တခါ အဲ့ဒီ့ စကား ပြောရဲပြောကြည့် ဒီ့ထက်ပိုနာမယ် ... ဟွန့် ...... လူကိုများ ဘာမှတ်နေလဲ မသိဘူး ...... နင့်ကို ယုံလို့ အမေ မရှိလည်း ခေါ်တွေ့တာ ...... နောက်ဆို လက်မထပ်ရသေးခင် အိမ်လာခွင့်ပါ ပိတ်သွားမယ်"
String (Part 31)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)