Jin ဘာမှပြန်မပြောမိ ...... Ji Na က တကယ်ပဲ Soon Young ဖြစ်နေတာလား သူမ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရလို့ အခုလိုတွေလုပ်နေတာလဲ ဆိုတာ သိချင်နေတဲ့ စိတ်ကပင် သူ့ကို မွန်းကြပ်စေသည်။ ထိုဦးလေးကြီးနှင့် စကား အနည်းအကျဉ်းပြောကာ Company သို့ ပြန်လာခဲ့သည်။ Company ရောက်တော့ Chal Lin တစ်ယောက် သူ့ရုံးခန်းထဲ ဝင်လာကာ

"သူဌေး ကျွန်မ ပြောစရာရှိလို့"

"အင်း ...... Chal Lin ထိုင်လေ"

Jin ...... Chal Lin ကို သူ့ရုံးခန်းထဲက ဧည့်သည်ထိုင်တဲ့ ထိုင်ခုံမှာ ထိုင်စေလျှက် သူလည်း သူမ ရှေ့ခုံမှာ ဝင်ထိုင်လိုက်၏။

"သူဌေး နေမကောင်းဘူးလား"

"မဟုတ်ပါဘူး ...... Chal Lin ပြောစရာရှိတယ်ဆိုတာက ..."

"ဒီမှာပါ ...... ဒါလေးက တစ်ခုခု အသုံးဝင်မလားလို့"

Chal Lin က သူ့ဆီသို့ သူမ လက်ထဲမှ ဓါတ်ပုံလေး ပေးလာလေသည်။ Jin ဓါတ်ပုံကို ကြည့်မိတော့ Soon Young နှင့်သူ ငယ်ငယ်က ရိုက်ထားတဲ့ပုံလေး ဖြစ်နေလေသည်။ Jin အံ့အားသင့်စွာဖြင့် Chal Lin ကိုကြည့်လိုက်မိသည်။

"Chal Lin ဒီပုံကို ဘယ်လိုလုပ်ရလာတာလဲ"

"Ji Na စာအုပ်ထဲကတွေ့တာ ...... ဟိုကပြန်လာတော့ နယ်ပြန်ရင်း အိမ်မှာ စာအုပ်အချို့ ကျန်ခဲ့တယ်လေ ...... အဲ့ဒါ ဒီတစ်ခေါက်နယ်ပြန်ရင်း စာအုပ်တွေ ရှင်းတော့မှ Ji Na စာအုပ်ပါလာမှန်းသိလိုက်ရတာ စာအုပ်ထဲမှာ အဲ့ပုံလေး တွေ့လို့ သူဌေး အတွက် တစ်ခုခုများ သိရမလားလို့ ...... ပုံက ငယ်ငယ်ကပုံ ဆိုတော့ သူဌေး အတွက် ...... အသုံးဝင် မဝင် မသိလို့ ပေးရင်ကောင်းမလား ...... မပေးရင်ကောင်းမလား စဉ်းစားနေတာနဲ့ မပေးဖြစ်ဘဲကြာနေတာ"

"ဒါ ကျွန်တော်နဲ့ Soon Young ငယ်ငယ်ကပုံ"

"ရှင် ...... ဒါက ဘယ်လိုဖြစ်ပြီး Ji Na ဆီကို ??? ...... မဟုတ်မှလွဲရော သူဌေး ထင်သလိုများ ??"

"ဟုတ်တယ် ...... Chal Lin ...... Ji Na နဲ့ Soon Young တစ်ခုခုတော့ ပတ်သက်နေမှာသေချာတယ် ...... ပိုပြီးသေချာအောင်လုပ်ဖို့ တစ်နည်းပဲတော့ရှိတယ် ...... အခုလိုပြောပြပေးလို့ ကျေးဇူးတင်ပါတယ် Chal Lin"

"arni မလိုပါဘူး ...... သူဌေးက ကျွန်မ အပေါ်မှာ ကျေးဇူးတွေ အများကြီးရှိတဲ့သူပါ ...... ဒီလောက်လေးက ဘာမှ မပြောပလောက်ပါဘူး ...... သူဌေးရဲ့ ချစ်သူကို အမြန်ဆုံးပြန်တွေ့ဖို့ ကျွန်မ ဆုတောင်းပေးပါတယ်"

String [Completed]Where stories live. Discover now