xxxxxxxxxxxxxxxxxxxxxxxxxxxx
ခြံတံခါးဝကနေ တဖြည်းဖြည်း တရွေ့ရွေ့နှင့် နီးလာတဲ့ အရိပ်နှစ်ခုကြောင့် Jin ရင်ခုန်သံတွေမြန်လာမိသည်။ ဒီနေ့ Ji Na ကိုပါ ဖိတ်ထားကြောင်း အမေ့ဆီကနေ တဆင့် သူသိနှင့်ခဲ့ပြီးပြီလေ …… ဒူးလောက်ရှိတဲ့ ပန်းနုရောင် ဂါဝန် ကားကားလေးနှင့် ပျော့ပျောင်းနေတဲ့ ဆံနွယ်စင်းစင်းလေးကို တစ်ဝက်လေးစည်းထားတဲ့ သူမ ပုံစံက နူးညံ့သိမ်မွေ့ကာ လှချင်တိုင်းကိုလှနေလေသည်။ Jin မှင်သက်စွာ ငေးမောနေစဉ်မှာပင် သူမနှင့် သူမအဖော် Yoon က သူတို့နားရောက်လာလေသည်။ မိသားစု စားပွဲလေးပဲ ဖြစ်တာမို့ သူတို့မိသားစုရယ် Hae Yoon နဲ့ သူမ အမေရယ်သာ ရှိတဲ့ သူတို့ခြံ မြက်ခင်းပြင်ပေါ်က ညစာဝိုင်းလေးမှာ သူမကတော့ ထူးခြားတဲ့ အပြင်လူ တစ်ယောက် ဖြစ်လို့နေလေသည်။ သူ့ညီ Jimin ကတော့ သူနဲ့ တစ်ခုခုများ ပတ်သက်နေမလား ဆိုတဲ့ အကြည့်နဲ့ သူ့ကို တစ်လှည့် Ji Na ကို တစ်လှည့် ကြည့်နေလေသည်။ အမေက သူမ လက်ကိုဆွဲလျှက် ကျန်တဲ့ အိမ်သားတွေနှင့် မိတ်ဆက်ပေး၏။
"ဒါက အန်တီ့သားအငယ် Jimin …… ဟိုဖက်က အန်တီ့ချွေးမလောင်း Hae Yoon နဲ့ အန်တီ့ သူငယ်ချင်း Hae Yoon အမေပေါ့"
"nae …… ကျွန်မက Choi Ji Na ပါ …… တွေ့ရတာ ဝမ်းသာပါတယ်"
"အမေ ပြောလို့ ကြားဖူးနေတာ ကြာပါပြီ …… Ji Na က ထင်ထားတာထက်တောင် ပိုလှနေတာပဲ"
Jimin ပြောလိုက်တဲ့ စကားကြောင့် Jin သူ့ညီကို မျက်မှောင်ကျုံ့ကာ ကြည့်လိုက်မိသလို Hae Yoon ရဲ့ မျက်စောင်းကလည်း Jimin ဆီသို့ ရောက်လာလေသည်။ Jimin က သူ့ကို ပြုံးစစဖြင့် ကြည့်လျှက် "ဟုတ်တယ် မဟုတ်လား hyung" လို့မေးလိုက်တာကြောင့် သူ ဘာပြန်ပြောရမှန်းမသိ ကြောင်အမ်းအမ်းဖြစ်နေစဉ် သူမက ခပ်ဖျော့ဖျော့လေး ပြုံးရင်း Jimin ကို ကျေးဇူးတင် စကားပြောလိုက်၏။
"ကဲ …… လာ လာ Ji Na သမီးက ဒီမှာထိုင် …… Yoon လေးရောပဲ ထိုင်လေ"
အမေက Ji Na ကို သူ့ဘေးနားက ခုံမှာထိုင်ခိုင်းလိုက်၏။ Yoon ကတော့ Ji Na ဘေးက ခုံမှာ ဝင်ထိုင်လေသည်။ Jin သူ့ဘေးနားမှာ ရှိနေတဲ့ သူမကို မသိမသာလေး အကဲခတ်ကြည့်လိုက်မိသည်။ သူမ ပုံစံက သူ့အပေါ်မှာ စိတ်ဆိုးဟန်တော့ မရှိပေမယ့် သူနှင့် မျက်နှာချင်း မဆိုင် မတော်တဆ မျက်လုံးချင်း ဆုံမိရင်တောင် မျက်နှာလွှဲသွားတတ်သည်။ ညစာစားပြီး သူမတို့ပြန်မယ်ဆိုတော့ Jin သူမတို့နောက်က လိုက်သွားမိ၏။
"Yoon လေး …… အိမ်ထဲဝင်နှင့်ပါလား …… အကို Yoon တို့ မမလေးနဲ့ ပြောစရာရှိလို့"
"nae …… မမလေးကို စိတ်ချမယ်နော်"
Jin ပြုံးကာ ခေါင်းညိမ့်ပြတော့ Yoon က သူတို့နှစ်ယောက်ကို ပြန်ပြုံးပြရင်း အိမ်ထဲဝင်သွားလေသည်။
"Jin ဘာပြောစရာရှိလို့လဲ"
"ဟိုတနေ့က ကိစ္စ အတွက် ……ကျွန်တော် တောင်းပန်ချင်လို့ပါ …… ကျွန်တော်ရိုင်းသလို ဖြစ်သွားမိတယ်"
"ရပါတယ် …… ပြီးပြီးသား ကိစ္စပဲ …… ကျွန်မ ဘက်က လွန်တာလည်းရှိပါတယ် … Jin စိတ်မဆိုးတာကိုပဲ ကျွန်မ ကျေးဇူးတင်ပါတယ်"
"ဒါဆို ကျွန်တော့်တို့ ဒီ့ထက်ပိုပြီး ရှောင်နေစရာ မလိုတော့ဘူးပေါ့နော်"
"nae??"
"arni …… ကောင်းသောညလေး ဖြစ်ပါစေ …… Ji Na shi …"
Jin သူမကို နှုတ်ဆက်ပြီး အိမ်ဖက်သို့ ပြန်လာခဲ့လိုက်၏။ ဒီရက်ပိုင်း အတွင်း သူသိခဲ့ရတဲ့ ကိစ္စတစ်ခုကြောင့် ပျော်နေမိသည်။ အိမ်ရောက်တော့ အမေ့ကို ကူ၍သိမ်းဆည်းပေးကာ သူ့အခန်းထဲသို့ ဝင်ခဲ့ပြီး သူ့စားပွဲပေါ်က Soon Young ပုံလေးကို ကြည့်ရင်း ပြုံးနေမိစဉ် jjang gu က သူ့အိပ်ယာပေါ် ခုန်တက်လာကာ သူ့ကို ခေါင်းနှင့် တိုးဝှေ့နေလေသည်။ Jin …… jjang gu ခေါင်းလေးကို ပွတ်သပ်ပေးရင်း
"jjang gu arr …… အခုလို မသိချင်ယောင်ဆက်ဆောင် နေလိုက်တာ မှန်တယ် မဟုတ်လား …… အရေးကြီးတာက ဘယ်လိုပုံစံနဲ့ပဲ ဖြစ်ဖြစ် သူရှိနေဖို့ပဲ မဟုတ်လား"
Jin တစ်ယောက် ကလေးဆန်စွာပင် သူ့စကားနားမလည် နိုင်တဲ့ Jjang Gu ကို ရင်ဖွင့်နေမိ၏။
xxxxxxxxxxxxxxxxxxxxxxxx
to be continued
String (Part 27)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)