"မဟုတ်ပါဘူး အန်တီ …… သမီး လာခဲ့ပါ့မယ်"
"အင်း …… လာခဲ့နော် သမီး …… အန်တီစောင့်နေမယ်"
ဖုန်းချပြီးသည်နှင့် Ji Na လေပူတစ်ချက်ကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်ကာ သွားရန် ပြင်ဆင်လိုက်တော့သည်။ Ji Na အိမ်အောက်ဆင်းလာတော့ လှေခါးရင်းမှာ ပြုံးပြီးရပ်စောင့်နေတဲ့ Yoon ကို တွေ့လိုက်ရ၏။ သူမ ပြောစရာပင်မလို Yoon က သွားဖို့ ပြင်ဆင်ပြီးသားတောင် ဖြစ်နေလေသည်။ သူမ မျက်စောင်းလေး တစ်ချက်ထိုးလိုက်တော့ Yoon က သွားလေးပေါ်အောင် ရယ်ရင်း သူမ လက်ကို လာချိတ်၏။
"Yoon သိသားပဲ …… မမလေး သွားမယ်ဆိုတာ ……"
"ညဉ်းလေး Park arjuma ကို ဖုန်းဆက်ခေါ်ပေးဖို့ သွားပြောလိုက်တာ မဟုတ်လား …… ဘာလို့ ဟိုဖက်အိမ်ကို ဒီလောက်တောင် သွားချင်နေရတာလဲ"
"Yoon အမှန်အတိုင်းပြောရင် မမလေးက စိတ်ဆိုးမှာလား"
"အင်း …… ဆိုးသင့်ရင်တော့ ဆိုးရမှာပေါ့"
"ဒါဆိုလည်း ပြောတော့ပါဘူးလေ …"
"မပြောရင် ပိုစိတ်ဆိုးမှာ"
သူမ စကားကြောင့် Yoon က မျက်နှာလေး ညှိုးသွားလျှက် သူမကို မဝံ့မရဲဖြင့် ကြည့်လာကာ
"မမလေးကို …… အကိုလေး Jin နဲ့ အဆင်ပြေစေချင်လို့ပါ ……"
"Yoon!!!"
သူမ အော်လိုက်တော့ Yoon က လန့်သွားပြီး
"တောင်းပန်ပါတယ် မမလေးရယ် …… Yoon နဲ့ မဆိုင်တာကို ဝင်ပါမိရင်ခွင့်လွှတ်ပါနော် …… မမလေး ငိုနေတာကို Yoon မကြည့်ရက်လို့ပါ"
မျက်နှာငယ်လေးနှင့် တောင်းပန်နေတဲ့ Yoon ကို သူမ စိတ်မဆိုးရက်ပါ။ Yoon က သူမ အတွက်တော့ ညီမငယ်လေး တစ်ယောက်လိုပင် …… Ji Na အနည်းငယ် ပြုံးလိုက်ရင်း
"ရပါတယ် Yoon ရယ် …… ဒါပေမယ့် နောက်ကို ဘယ်တော့မှ အဲ့လို မလုပ်ပါနဲ့ …… မမနဲ့ သူက နီးစပ်လို့ မဖြစ်တဲ့ သူတွေမို့လို့ပါ"
Yoon က သူမကို ကြောင်ငေးစွာ ကြည့်လာလေသည်။ သူမ စကားကို Yoon နားမလည်ဘူးဆိုတာ သိပေမယ့် သူမ ဘာမှထပ်ပြီး မရှင်းပြမိသလို Yoon လည်း ထပ်ပြီး မမေးလာပေ …… နှစ်ယောက်သား တိတ်ဆိတ်စွာဖြင့်ပင် တစ်ဖက်အိမ်သို့ လမ်းလျှောက်ခဲ့ကြသည်။
String (Part 27)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)