"တော်တော့ Yoon …… ကလေးက ကလေးလိုနေ ……အဲ့ဒါ သူ မဟုတ်ဘူး …… သွားတော့ ကိုယ့်အလုပ်ကိုယ်သွားလုပ်တော့ …… ဒီနေ့ မမ မအားဘူး ဘယ်မှမသွားနိုင်ဘူး"
သူမ လေသံခပ်မာမာနှင့် အော်လိုက်တော့ Yoon မျက်နှာလေး ညှိုးသွားကာ အခန်းထဲက ပြန်ထွက်သွားလေသည်။ အဲ့လိုဆိုပြန်တော့လည်း သူမ စိတ်မကောင်းဖြစ်ရသည်။ Yoon က ကလေးစိတ်သာ ရှိသေးသည်မို့ ထင်ရာမြင်ရာကို ပွင့်ပွင့်လင်းလင်း ပြောတတ်တာ သူမလည်း သိနေသားပဲလေ။ ပြီးတော့ Yoon ပြောတာ သူမ အတွက်ဆိုတာလည်း သူမ နားလည်ပါတယ်။
Ji Na သက်ပြင်းချပြီး သူမ ဖုန်းလေးကို ဖွင့်ကာ သူမဖုန်းရဲ့ Gallery အပြည့်နေရာယူထားတဲ့ သူ့ပုံတွေကို ဖျက်ဖို့ ကြိုးစားလိုက်၏။ အခြားတစ်ယောက် ထပ်ပြီး ရိပ်မိသွားလို့ မဖြစ်ဘူးလေ။ ဒါပေမယ့် လက်တွေ့မှာ သူမ မလုပ်နိုင် …… Delete pattern လေးကို နှိပ်ဖို့တောင် သူမ တွန့်ဆုတ်လို့နေလေသည်။ သူမ အတွက်က သူ့ရဲ့ပုံလေးတွေကိုပဲ တဝကြီး ထိုင်ကြည့်လို့ ရနိုင်တာလေ။ နောက်ဆုံးမှာ သူမ မလုပ်ဖြစ်ခဲ့ …… ဖုန်း screen ပေါ်က သူ့ပါးပြင်ကို နမ်းရှိုက်ရင်း ငိုကြွေးခြင်းဖြင့်သာ အဆုံးသတ်သွား၏။
***တောင်းပန်ပါတယ် အရမ်းချစ်မိသွားခဲ့လို့ တောင်းပန်ပါတယ်***
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ညနေဘက် Ji Na ရေချိုးခန်းထဲမှ ထွက်လာစဉ် ဖုန်းမြည်လာတာကြောင့် ဖုန်းကို ယူကြည့်လိုက်တော့ Jin အမေ ဆီမှ ဖုန်းဖြစ်နေလေသည်။ အစက သူမ မကိုင်ပေမယ့် ဆက်တိုက်မြည်နေတဲ့ ဖုန်းသံကြောင့် ကိုင်လိုက်တော့ တဖက်မှ အသံက ချိုသာစွာဖြင့်
"သမီး Ji Na မလာသေးဘူးလား …… အန်တီက သမီးကို စောင့်နေတာ …… အိမ်သားတွေကလည်း သမီးကို မြင်ဖူးချင်နေကြတယ်"
"ဟိုလေ …… အန်တီ …… အဲ့ဒါက ……"
"သမီး မအားလို့လား"
အစကတည်းက "မအားဘူး" လို့ကြိုပြောမထားဘဲ ကိုယ့်ကို အရေးတယူလုပ်ပြီး ဖုန်းဆက်လာတဲ့ လူကြီးတစ်ယောက်ကို အခုမှ "မအားဘူး" ပြောလိုက်ရင် ရိုင်းသလိုဖြစ်သွားမှာ စိုးတာကြောင့် Ji Na မငြင်းတော့ဘဲ လက်ခံလိုက်၏။
String (Part 27)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)