"ဘာဖြစ်လို့လဲ Yoon"
"ဟိုလေ မမလေး …… Park Arjuma က ညကျရင် သူ့အိမ်မှာ သူ့မွေးနေ့ လုပ်မလို့တဲ့ အဲ့ဒါ မမလေးရော Yoon ကိုရောလာခဲ့ပါလို့ ဖိတ်လိုက်တယ်"
Ji Na စိတ်ရှုပ်သွားမိသည်။ လူကြီးက တကူးတက ခေါ်တာမို့ မသွားလို့မကောင်းပေမယ့် သူမ Jin နဲ့ မတွေ့ချင် …… သူမက Jin ကို အမြဲစိတ်ရှုပ်စေခဲ့တယ် မဟုတ်လား ……
"မမ အလုပ်မအားဘူး Yoon ရယ် …… Yoon ပဲ သွားလိုက်တော့နော်"
"arr …… မမလေးကလည်း Yoon တစ်ယောက်တည်းသွားလို့ ဘယ်လိုလုပ်ဖြစ်မှာလဲ …… Park arjuma က အခုတလော မမလေး မလာလို့ မမလေးကိုပါ ရအောင်ခေါ်လာခိုင်းတာကို …… လိုက်ခဲ့ပါ မမလေးရယ် နော် …နော် …… မမလေး မအားဘူးဆိုလည်း ခဏလေးပဲ နေမယ်လေ ……နော်"
Yoon က သူမကို အတင်းခေါ်နေလေတော့သည်။
"မမ တကယ်ကို မသွားချင်လို့ပါ Yoon ရယ် …… ပြီးတော့ အခြားဧည့်သည်တွေလည်း ရှိမှာ မဟုတ်လား"
"မဟုတ်ဘူး သူတို့မိသားစုပဲတဲ့ …… လိုက်ခဲ့ပါ မမလေးရယ် …… မမလေး မလာရင် Park arjuma က စိတ်မကောင်းဖြစ်နေမှာ"
Yoon ပြောတာလည်း မှန်ပါသည်။ Jin အမေက သူမကို တော်တော်လေး ခင်တွယ်ရှာသည်။ သူမ သွားသင့် မသွားသင့် စဉ်းစားရ ခက်နေမိတော့သည်။
"မမလေး မသွားချင်တာ ဟို အကိုလေးကြောင့် မဟုတ်လား"
Yoon ပြောလိုက်တဲ့ စကားကြောင့် သူမ Yoon ကို ပြန်ကြည့်လိုက်မိသည်။ Yoon က မှန်တယ် မဟုတ်လား ဆိုတဲ့ မျက်နှာလေးနှင့် ကြည့်လို့နေလေသည်။ သူမ အကြောင်းကို Yoon တောင် သိလို့နေပါလား …… Yoon ပြောတဲ့ အကိုလေး ဆိုတာ Jin ကို ရည်ရွယ်မှန်း သိပေမယ့် သူမ မသိချင်ယောင်ဆောင်ကာ မျက်မှောင်ကျုံ့လျှက်
"ဘယ်က အကိုလေးလဲ"
"ဟိုဖက်အိမ်က အကြီးဆုံး အကိုလေးလေ …… မမလေးတို့ ရန်ဖြစ်ထားကြတာလား …… ဖုန်းထဲက အဲ့အကိုလေးပုံကို ကြည့်ပြီး မမလေး ငိုနေတာ Yoon တွေ့တယ် ……ဘာဖြစ်မှန်း Yoon သေချာ မသိပေမယ့် ဒီအတိုင်းရှောင်နေလို့ အဆင်ပြေလာမှာ မဟုတ်ဘူးလေ …… အခုတောင် မမလေး အရမ်းခံစားနေရတယ် မဟုတ်လား"
String (Part 27)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)