"ငါက အဲ့လောက်တောင်ပဲ ကြည့်လို့ကောင်းနေတာလား"

အိပ်နေတယ်လို့ ထင်ကာကြည့်နေမိစဉ် ရုတ်တရက် စကားပြောလာတဲ့ သူ့ကြောင့် Chal Lin လန့်သွားကာ သူ့မျက်နှာပေါ်က သူမ လက်ကို ဖယ်လိုက်၏။

"ဘာလဲ မအိပ်ဘူးလား"

"မျက်နှာကို လာဆော့နေတာကို ဘယ်လိုလုပ် အိပ်လို့ရမှာလဲ"

"mianae …"

"ရပါတယ် ……… ငါ စဉ်းစားနေတာ …… ဘယ်တော့လောက် လက်ထပ်ကြရင် ကောင်းမလဲလို့ …… မိဘတွေလည်း သိပြီးနေပြီ ဆိုတော့ မြန်မြန် လက်ထပ်ချင်တယ် …… နင့် သဘောကရော"

"နင် ပြောတုန်းက နှစ်ကုန်ဆို"

"အင်းလေ …… နှစ်ကုန်က ရောက်တော့မှာကို …… အခုကတည်းက စီစဉ်ရမယ်လေ …"

"အင်းးး …… နင့် မွေးနေ့ဆိုရင်ရော ဘယ်လိုလဲ … ဒီကြားထဲမှာလည်း ပိုက်ဆံစုထားလို့ရတယ်လေ …… ငါတို့ မင်္ဂလာပွဲ အတွက် အတတ်နိုင်ဆုံး အိမ်ကပြန်မတောင်းချင်ဘူး"

"ပိုက်ဆံအတွက် နင် စိတ်ပူစရာ မလိုပါဘူး …… အဲ့ဒါငါ့ အပိုင်းပါ …… ငါ့ မွေးနေ့မှာ လုပ်ချင်တယ် ဆိုလည်း လူကြီးတွေကိုပြောပြီး ……… အဲ့ဒီ့ရက် သက်မှတ်လိုက်မယ်လေ …… ဟီးးး ဟီးး …… ငါတွေးရင်းနဲ့ ရင်တောင်ခုန်လာပြီ"

"နင်ကလည်း ဘာထူးခြားမှာ မို့လို့လဲ အခုလည်း တူတူ နေပြီး နေ့တိုင်းတွေ့နေရတာပဲကို"

"aish!! အပြောကလည်း အေးစက်လိုက်တာ ထူးခြားတာပေါ့ …… ဘာထူးခြားလဲ ဆိုတာ အဲ့နေ့မှ သက်သေပြမယ်"

"yah!! နင် ညစ်ညစ်ပတ်ပတ်တွေ မပြောနဲ့နော်"

"ဘာလဲ …… ဘယ်မှာပြောလို့လဲ …… သူ့ဟာသူ တွေးချင်ရာတွေ တွေးနေပြီးတော့"

"arr …… မသိတော့ဘူး ……မသိတော့ဘူး …… ငါခြေထောက် ကျဉ်နေပြီ ထတော့ …… ရေသွားချိုးတော့"

ရှက်ရှက်ဖြင့် သူ့ကို အတင်းတွန်းထုတ်နေတဲ့ သူမပါးလေးကို ဖြတ်ကနဲ နမ်းရင်း Taehyung အိမ်ထဲပြေးဝင်ခဲ့၏။ သူမကတော့ ပွစိပွစိ ပြောလျှက် ကျန်ခဲ့လေသည်။

xxxxxxxxxxxxxxxxxxxxxxxxxxx

"မမလေး …… မမလေး …… မမလေး""

သူမကို တကြော်ကြော် အော်ခေါ်ကာ စာကြည့်ခန်းထဲဝင်လာတဲ့ Yoon ကြောင့် Ji Na ဖတ်လက်စ စာအုပ်ကို ဘေးချကာ သူမကို ကြည့်လိုက်မိသည်။

String [Completed]Where stories live. Discover now