လက်တစ်ဖက်က သူ့ဆံပင်လေးတွေကို ဖွလျှက် အဝေးကို ငေးနေတဲ့ သူမပါးနှစ်ကို Taehyung လက်ဖြင့်ဖွဖွလေးညှစ်ကာ
"ဒီလောက် သိသာနေတဲ့ မျက်နှာကြီးက …… ဘယ်မှာ လာလိမ်နေတာလဲ …… ဘာလို့လဲ အလုပ်အဆင်မပြေလို့လား"
"အလုပ်က အဆင်မပြေစရာ မရှိပါဘူး …… ကိစ္စတစ်ခုရှိလို့ပါ"
"ငါရော …… သိလို့ရမလား"
"ဟင့်အင်း …… နင် မသိလည်းဖြစ်တယ် …… ဒီအတိုင်းပဲ သူငယ်ချင်းတစ်ယောက်ရဲ့ စိတ်မကောင်းစရာ အကြောင်းတစ်ခုသိလာခဲ့ရလို့"
"အဲ့ဒါဆိုလည်း …… အဲ့လိုကြီး မနေနဲ့ကွာ …… ဘေးကလူကို စိတ်မသက်မသာဖြစ်အောင်"
"ဒါဆို ဒီလိုလေး နေရမှာလား"
မပြုံးချင်တဲ့ မျက်နှာကို သွားညီညီလေးတွေ ပေါ်အောင်ရယ်ပြကာ ချစ်ဖို့ကောင်းအောင် လုပ်ပြနေတဲ့ ကောင်မလေးကို အူယားလာတာကြောင့် Taehyung ထကာ သူမပါးလေးတစ်ဖက်ကို နမ်းလိုက်မိသည်။
"yah!!! Kim Taehyung ဘာလုပ်တာလဲ"
"နမ်းလိုက်တာလေ …… အူယားအောင် လုပ်ပြနေတာကိုး"
"လူကို အသားကို ယူလွန်းတယ် …… ဟွန့် …… "
Taehyung ဘာမှပြန်မပြောဘဲ ပြုံးကာ သူမ ပေါင်ပေါ် ပြန်လှဲချပြီး မျက်လုံးလေးမှိတ်ထားလိုက်၏။
"yah!! ဒီအတိုင်းပဲ နေတော့မှာလား …… ပြန်ရောက်ကတည်းက ရေလည်းမချိုးဘူး"
"ခဏလေးပါ …… ဒီလိုလေးနေရတာ သဘောကျလို့"
တဖြူးဖြူး တိုက်ခတ်နေတဲ့ ဆောင်းဦးရဲ့ လေအေးအေးလေးကို ခံစားရင်း နှစ်ယောက်သား ငြိမ်နေမိပြန်သည်။ အတော်ကြာသည်အထိ Taehyung ငြိမ်နေတာကြောင့် Chal Lin ကြည့်လိုက်တော့ သူက အိပ်ပျော်နေလေသည်။ Chal Lin သူ့ကိုကြည့်ပြီး သဘောကျစွာဖြင့်ပြုံးလျှက် သူ့နဖူးပေါ်ကျနေတဲ့ ဆံပင်လေးတွေကို သပ်တင်ပေးရင်း သူ့ရဲ့ မျက်တောင်စင်းစင်းရှည်ရှည်လေးကို လိုက်ထိနေမိသည်။ တကယ်တော့ သူက သူမ ငယ်ငယ်ကတည်းက ချစ်ရတဲ့သူပါ ဒါပေမယ့် သူမရဲ့ ခံယူချက်ကြောင့် သူနဲ့ပတ်သက်တဲ့ ခံစားချက်အားလုံးကို မေ့ထားခဲ့ခြင်းသာ …… အကယ်၍ သူသာ လက်လျော့ခဲ့မယ်ဆို သူမတို့ ဝေးရမှာ သေချာသည်။ သူမ ကို ဘယ်တုန်းကမှ လက်မလျော့ခဲ့တဲ့ သူ …… တစ်အိမ်ထဲနေတာတောင် ချစ်သူတစ်ယောက်ရသင့်တဲ့ အခွင့်အရေးထက်ပိုပြီး မယူခဲ့ဘဲ သူမကို တန်ဖိုးထားပေးခဲ့တဲ့ သူ့ကို …… ချစ်တာထက် လေးစားမြတ်နိုးမှုပါ ပိုခဲ့ရလေသည်။
String (Part 27)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)