အခြား Director တွေကပါ သူမ စကားကို ထောက်ခံကြတာကြောင့် နောက်ဆုံး Mr.Shin ဝင်ခွင့်ပြု လိုက်ရလေသည်။ website ရေးတဲ့ ဝန်ထမ်းမလေးကို ဝင်လာတာနှင့် Mr.Shin ၏ မျက်လုံးအစုံတို့သည် ဒေါသမီး ဟုန်းဟုန်းတောက်လာလေသည်။ ဒါပေမယ့် သူ အိနြေ္ဒပြန်ဆယ် ထားရင်း သူမ ပြောတာကိုပင် နားထောင်နေ၏။
"ကျွန်မ အမှားအတွက် တောင်းပန်ပါတယ် ...... အဲ့ဒီ့နေ့က ကျွန်မနဲ့ ဒီက Director Choi တို့ ဝင်တိုက်မိပြီး စာရွက်စာတမ်းတွေ မှားသွားရာကနေ အခုလို ဖြစ်သွားတာပါ ...... ကျွန်မ တောင်းပန်ပါတယ်"
website ရေးတဲ့ကောင်မလေးရဲ့ ဖြေရှင်းချက်စကားကြောင့် Mr.Shin အံ့အားသင့်သွားကာ သူမ ကို ကြည့်လာလေသည်။ Ji Na သူ့ကို မသိကျိုးကျွံပြုလျှက် ရှေ့ဆက်လုပ်မယ့် အစီအစဉ်တွေကို ဆက်ပြီး ရှင်းပြနေလိုက်၏။ အစည်းအဝေးက ပြဿနာ တစ်စုံတစ်ရာမှ မရှိတော့ဘဲ အားလုံး ကျေနပ်စွာဖြင့်ပင် ပြီးဆုံးသွားပေမယ့် မကျေနပ်နိုင်သူကတော့ Mr.Shin ...... ဘာလို့ ဒီလိုဖြစ်သွားလဲ ဆိုတာ သူတွေးမရ ...... သူ အစည်းအဝေးခန်းထဲတွင် တစ်ယောက်တည်း ထိုင်ကာ စဉ်းစားနေစဉ်မှာပင် Hyeri ရောက်လာလေသည်။
"Appa ဘယ်လိုဖြစ်သွားပြီလဲ ...... ဟိုကောင်မလေးကို တွေ့လိုက်တယ် ... File ကို ယူတာ သမီးဆိုတာ ပြောလိုက်တာလား"
"မဟုတ်ဘူး ...... သူတို့ လူချင်းတိုက်မိရာက စာရွက်စာတမ်းတွေ လွဲသွားတာတဲ့"
"borrr ...... မဖြစ်နိုင်တာ ...... အဲ့ဒါက ဘာအကြံအစည်လဲ ...... Choi Ji Na က သေချာပေါက် အမှန်ကို သိမှာပဲ အဲ့ဒါကို ဘာလို့ မပြောတာလဲ"
"အဲ့ဒါပဲ ...... အဖေလည်း စဉ်းစားနေတာ ...... ဘာလို့ သူရဲ့ အပြစ်လိုမျိုးပြောသွားတာလဲ မသိဘူး ...... ဘာပဲဖြစ်ဖြစ် သတိထားနေတာပိုကောင်းတယ် သမီး ...... အခု သူ အသစ်ထပ်လုပ်ပေးမယ် ဆိုတော့ Director တွေက ပိုတောင် သူ့ကို သဘောကျသွားသေးတယ်"
"ထူးဆန်းတယ် ...... Soon Young ရဲ့ share တွေကို ကိုင်ပြီး ဒီ Company ကို ဝင်လာကတည်းက ထူးဆန်းနေတာ ...... သူ့ကို အနောက်ကနေ ထောက်ပံ့ပေးနေတဲ့သူ တစ်ယောက်ယောက်တော့ရှိရမယ်"
"အဖေ သိရသလောက်တော့ Choi Juho ဆိုတဲ့ လူနဲ့ နည်းနည်းပတ်သက်နေတယ် ...... မကြာခင် သူ ဘာလဲဆိုတာ အဖေတို့ သိရတော့မှာ...... တွေ့ကြသေးတာပေါ့ Choi Ji Na...... မင်းနေရာမှားပြီး ရောက်လာပြီ"
String (Part 26)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)