"မဟုတ်ဘူး ငါ ဒီနေ့ hyung ကို မလာခိုင်းထားဘူး ...... hyung စောင့်ပေးတာ ဆက်တိုက်ဖြစ်နေပြီမို့လို့ နားရအောင်လို့"

"ဒါဆို ညဘက်ကို နင် တစ်ယောက်တည်း ဖြစ်နေမှာပေါ့ ... ဘယ်လိုလုပ်မလဲ ...... အဆင်ပြေပါ့မလား"

"ငါ တစ်ယောက်တည်း မဖြစ်ပါဘူး ...... နင် ရှိနေတာပဲ"

ခပ်တည်တည်နှင့် ပြောလာတဲ့ Jimin စကားကြောင့် Hae Yoon မျက်လုံးပြူးသွားကာ

"ဘာ !!!! ငါက ဒီညစောင့်ပေးရမှာလား ...... မဖြစ်ပါဘူး ..."

"ဘာလဲ နင်က ငါ့ကို တစ်ယောက်တည်း ထားခဲ့ချင်တာလား"

"အဲ့လိုလည်း မဟုတ်ဘူးလေ ...... Jimin yarr ...... ငါ စောင့်လို့ ဘယ်လိုလုပ် အဆင်ပြေမှာလဲ ...... ဟင့်အင်း မဖြစ်ပါဘူး"

ပါးလေးနှစ်ဖက် ရဲတွတ်ကာ မျက်နှာငယ်လေးနှင့် အကြောက်အကန် ငြင်းနေတဲ့ သူမကိုကြည့်ကာ Jimin ရယ်ချင်သွားမိသည်။

"yah!!! ဘာတွေ အသည်းအသန် စွတ်ငြင်းနေတာလဲ ဆေးရုံစောင့်ပေးရမှာကို ဘာဖြစ်တာလဲ"

"အဲ့ဒါကလေ ...... ဟို ...... aish !!! မသိတော့ဘူးဟာ ...... "

ဖြေရခက်ပြီး စိတ်ရှုပ်နေတဲ့ သူမ မျက်နှာလေးနားကို Jimin တိုးသွားလိုက်တော့ သူမ က အလန့်တကြားနှင့် နောက်ဆုတ်ပြီး မျက်နှာလွှဲလိုက်ရင်း

"Jimin ...... နင် ညစာစားတော့မှာ မဟုတ်လား ...... ပူနေတုန်းလေး စားလိုက်နော် ...... ငါ ပြင်လိုက်မယ်နော်"

ပြောပြောဆိုဆိုနှင့် ထသွားတော့မယ့် သူမလက်ကို Jimin ဆွဲပြီး ပြန်ထိုင်စေလျှက်

"ဘာလို့ ငါ့ကို ရှောင်နေရတာလဲ"

"မရှောင်ပါဘူး ...... ဘယ် ......ဘယ်မှာရှောင်လို့လဲ"

"အဲ့ဒါဆို ငါ့မျက်လုံးကိုကြည့်လေ"

သူ့ အပြောကြောင့် မဝံ့မရဲနှင့် ကြည့်လာတဲ့ သူမ မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် မော့စေကာ သူမ နဖူးလေးကို ဖွဖွလေးနမ်းရှိုက်လိုက်ပြီး နဖူးချင်းထိထားလိုက်ရင်း သူမနှင့် မျက်လုံးချင်းဆုံအောင်ကြည့်လျှက်

"နောက်ဆို ...... ငါကြည့်နေရင် ...... မျက်နှာမလွှဲသွားပါနဲ့"

သူမ မျက်လွှာလေးချကာ ခေါင်းငြိမ့်လိုက်တော့ Jimin တစ်ချက်ပြုံးပြီး သူမ နှုတ်ခမ်းလေးကို သိမ်းပိုက်လိုက်မိသည်။ သူ့အတွက် ဘယ်နှကြိမ်မြောက် အနမ်းမှန်း မသိပေမယ့် ဒီလိုချိုမြိန်ပြီး ရင်ခုန်နေတဲ့ ခံစားချက်ကတော့ ပထမဦးဆုံး အကြိမ်ပါ ...... သူမကလည်း မျက်လုံးလေးမှိတ်ထားလျှက် သူ့အနမ်းတွေကို ကြည်ဖြူစွာ တုန့်ပြန်လို့ နေလေသည်။ အချိန် ဘယ်လောက်ကြာသွားသည်မသိ သူမ သူ့ရင်ဘတ်ကို ဖွဖွလေး တွန်းလာမှ Jimin လွှတ်ပေးလိုက်၏။ သူမရဲ့ ပါးမို့မို့လေးနှစ်ဖက်မှာလည်း ရှက်သွေးကြောင့် ပန်းရောင်လှိုင်းလေးတွေ ဖြတ်ပြေးလို့နေလေသည်။Jimin ကုတင်ပေါ်မှာ တင်ထားတဲ့ သူမလက်လေးကို သူ့ဝဲဖက်ရင်အုံဆီသို့ တင်ပေးလိုက်ရင်း

String [Completed]Where stories live. Discover now