လို့ ပြောရင်း သူမ အိမ်ဖက်သို့ ကားကို မောင်းထွက်ခဲ့၏။

xxxxxxxxxxxxxxxxxxxxxxxxxxxxxx

လိုက်ကာကို ဖြတ်ပြီးဝင်လာတဲ့ အလင်းရောင်ကြောင့် Hae Yoon မျက်လုံး အသာလေး ဖွင့်ကြည့်လိုက်မိသည်။ ခေါင်းထဲမှာတော့ ချာချာလည်နေဆဲ ...... သူမ အိပ်ယာပေါ်မှာ အိပ်နေတာကို သတိထားလိုက်မိမှ လန့်သွားမိသည်။

"ဟင် ...... ငါ ဘယ်လိုလုပ် ???? ဒီကိုရောက်နေတာလဲ"

သူမ အပြန်ပြန်အလှန်လှန် စဉ်းစားကြည့်တော့လည်း Jimin နဲ့ သောက်တဲ့ အထိပဲ မှတ်မိလေသည်။

"အာားးး ဘာတွေဖြစ်ကုန်တာလဲ မသိဘူး"

သူမ စိတ်ရှုပ်ရှုပ်ဖြင့် ရေချိုး ပြင်ဆင်ပြီး အိမ်အောက်ကို ဆင်းခဲ့တော့ အမေက မနက်စာ အဆင်သင့်ပြင်ပြီး စောင့်နေတာကို တွေ့လိုက်ရ၏။ သူမ လည်း အမေဆူမှာကို လန့်လန့်ဖြင့်ပင် ထမင်းဝိုင်းမှာ ဝင်ထိုင်လိုက်မိသည်။ ဒါပေမယ့် သူမ အထင်နဲ့ ဆန့်ကျင်စွာပင် အမေက ပြုံးရွှင်စွာ နှင့် သူမ ပန်းကန်ထဲ ဟင်းတွေထည့်ပေးနေလေသည်။

"သမီးက သမီးမှာ ချစ်သူရှိတာကို ဘာလို့ တခွန်းမှ မပြောတာလဲ ...... သမီး အစကတည်းက ပြောထားရင် မနေ့ကလို တွေ့ပေးဖို့ ဘယ် စီစဉ်ပါ့မလဲ"

"ရှင် ...... ချစ်သူ??? ဘယ်က ချစ်သူလဲ???"

အမေ့ စကားကြောင့် သူမ ခေါင်းတွေကိုက်နေရာကနေ ပိုဆိုးလာလေသည်။

"မနေ့က သမီးကို လာပို့သွားတဲ့ ကောင်လေးလေ ...... ကောင်လေးက ရည်ရည်မွန်မွန်လေးပဲ ...... သူ့ ခင်မျာ သမီးကို အမေဆူမှာကို ကြောက်နေရှာတာ ...... မပြန်မချင်း သူ့အပြစ်တွေပါလို့ ပြောပြီး သမီးကို မဆူဖို့ အထပ်ထပ်မှာသွာသေးတယ်"

"Omma ...... ဘယ်သူ့ကို ပြောနေတာလဲ??? ...... Jimin လား???"

"ဟုတ်တယ်လေ ...... ဘာလဲ ......အမူးလွန်ပြီး အတိတ်ပါမေ့သွားတာလား"

"မဟုတ်ပါဘူး Omma ကလည်း ...... အဲ့ဒါကလေ Jiminက သမီးသူငယ်ချင်းပါ ...... ချစ်သူတွေ မဟုတ်ပါဘူး"

"အမေ ချစ်သူတွေလား လို့မေးတော့ သူက ဟုတ်တယ်လို့ ဖြေသွားတယ်လေ ...... သမီးရယ် အမေ့ကို မလျှိုပါနဲ့ ဒီအမေနဲ့ ဒီသမီးပဲရှိတာကို ...... အမေက ဆူဖို့ မဟုတ်ပါဘူး ...... အခုလို ရည်ရည်မွန်မွန် လိမ်လိမ်မာမာ လေးနဲ့ဆို အမေ သဘောတူပါတယ် ...... ပြီးတော့ သူ့အမေနဲ့ အမေကလည်း ငယ်သူငယ်ချင်းတွေ ...... မတွေ့ဖြစ်တာတောင်ကြာပြီ ...... သူ့အမေကိုခေါ်ပြီး လာလည်ဖို့လည်း ဖိတ်ထားသေးတယ်"

Hae Yoon သူမ အမေ ပြောသမျှကို ဘာမှပြန်မပြောနိုင်ဘဲ ပါးစပ် အဟောင်းသားလေးနဲ့သာ နားထောင်မိတော့သည်။ စိတ်ထဲမှလည်း ပေါက်ကရတွေ ပြောသွားတဲ့ Jimin ကိုကျိန်ဆဲမိ၏။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

"Jimin နင် ဘယ်လိုလုပ်လိုက်တာလဲ"

သူ့ကို ခေါင်မိုးထပ်ကို ခေါ်လာပြီး ရုတ်တရက် ပြောလိုက်တဲ့ Hae Yoon စကားကြောင့် Jimin သူမကို မျက်မှောင်ကျုံ့ကာ ကြည့်လိုက်ရင်း

"ငါ ဘာလုပ်မိလို့လဲ"

"မနေ့က ကိစ္စကိုပြောတာလေ ...... အမေ့ကို နင် ဘာတွေသွားပြောခဲ့တာလဲ"

"အဲ့ဒါလား ...... ငါလည်း နင့်အမေ ဆူမှာကြောက်လို့ ပြောမိပြောရာ ပြောလိုက်တာ ...... ကံကောင်းချင်တော့ ငါ့အမေနဲ့ နင့်အမေက ငယ်သူငယ်ချင်းတွေ ဖြစ်နေတယ် ......တော်သေးတာပေါ့"

ရယ်ကျဲကျဲ နှင့် ပြောနေသော Jimin ကို Hae Yoon မျက်စောင်းထိုးကာကြည့်ရင်း ......

"ဘာကို တော်ရမှာလဲ ...... အခု ဘာဖြစ်နေလဲ သိလား ...... အမေက နင့်ကို ငါ့ချစ်သူလို့ တကယ် ထင်သွားပြီ"

"နင့်အမေ ငါ့ကို သဘောကျသွားတာ မဟုတ်လား ......"

"Jimin ရာ ...... နင်နဲ့တော့ ငါစိတ်ညစ်ပါတယ် ...... ဒါနောက်စရာ မဟုတ်ဘူး ...... အမေ့အကြောင်း နင်မသိဘူးနော် ...... ဒီဟာက ဒီမှာတင်ပြီးမှာမဟုတ်ဘူး ......ငါတို့မှာက သားမိနှစ်ယောက်ပဲရှိတော့ အမေက ...... ငါ့ကို အရမ်း လက်ထပ်ပေးချင်နေတာ .........နင် အခုလို ပြောလိုက်တော့ ... ......"

သူမက ဆက်မပြောတော့ဘဲ မျက်နှာကို လက်ဝါးနဲ့ အုပ်ကာ ထိုင်ချလိုက်၏။ Jimin သူမ ဘေးနားဝင်ထိုင်လိုက်ရင်း ......

"အခုလို ပြောလိုက်တော့ ...... ငါတို့ နှစ်ယောက်ကို လက်ထပ်ပေးတော့မှာလား"

Hae Yoon သူမ မျက်နှာကို အုပ်ထားတဲ့ လက်ဝါးဖယ်ပြီး လှည့်အကြည့်  သူမကို စိုက်ကြည့်နေတဲ့ Jimin ရဲ့ မျက်လုံးတွေကို သူမ ရင်ဆိုင်လိုက်ရ၏။

"နင် ...... ညက ဘာတွေ ပြောမိလဲ မှတ်မိလား ......"

"ဟင် ...... ငါ ဘာပြောမိလို့လဲ ..."

"အင်းးးး ဘာမှမဟုတ်ပါဘူး ...... နင့် အမေ အထင်လွဲနေတဲ့ ကိစ္စကို မစိုးရိမ်ပါနဲ့ ...... ငါဖြေရှင်းပေးပါ့မယ်... စိတ်အေးအေးထား"

Jimin မနေ့ကအကြောင်းကို ဆက်မပြောတော့ဘဲ သူမ ပုခုံးကို ပုတ်ကာအားပေးပြီး အောက်ထပ်သို့ ပြန်ဆင်းလာခဲ့၏။ မနေ့က သူ့ကိုပြောခဲ့တာတွေက သူမ မူးနေလို့ယောင်တာပဲ ဖြစ်ပါစေလို့ သူ ဆုတောင်းနေမိသည်။

**နင်နဲ့ ငါ့ကြားက သူငယ်ချင်းဆိုတဲ့ သံယောဇဉ်လေးကိုပဲ ငါ သဘောကျမိတယ် ...... Mianae ......Hae Yoon***

xxxxxxxxxxxxxx

to be continued

String [Completed]Where stories live. Discover now