Jimin အလိုက်အထိုက်ပြောကာ အိမ်နံပါတ်မေးတော့ သူမက မေးလေးထောက် မျက်လုံးလေးမှေးကာ စဉ်းစားနေလေသည်။

"ငါ့ အိမ်နံပါတ်လား ......... အင်းးးး ............ ငါ့အိမ်နံပါတ်က ဘာပါလိမ့် ......... ငါလည်း မသိဘူး"

Jimin ကိုယ့်နဖူးကိုယ်သာ ရိုက်လိုက်မိသည်။ သူ စခဲ့တဲ့ ဇာတ်လမ်း ...... သူ သူမကို သောက်မယ်လို့ စပြောခဲ့မိတာ ...... Jimin စိတ်ရှုပ်ရှုပ်နှင့် ဆံပင်တွေကို ထိုးဖွရင်း စဉ်းစားနေတုန်း သူမက အနောက်ကနေ သူ့ခါးကို ဖက်ထားရင်း သူ့ကျောကို မှီပြီး အိပ်ပျော်နေပြန်လေသည်။ သူ ဘာလုပ်ရမှန်း မသိဖြစ်နေစဉ် ခြေနင်းနားမှာ ကျနေတဲ့ သူမ ပိုက်ဆံအိတ်ကို တွေ့သွားတာကြောင့် ဝမ်းသာသွားမိ၏။ သူမ ပိုက်ဆံအိတ်ထဲက ဖုန်းကို ယူကြည့်လိုက်တော့ သူမ အိမ်က ခေါ်ထားတဲ့ miss call ပေါင်း မနည်းချေ။ သူ ပြန်ခေါ်မလို့ လုပ်ချိန်မှာပင် ဖုန်းဝင်လာတာကြောင့် ဖုန်းကိုင်လိုက်၏။

"ခုချိန်ထိ ပြန်မလာဘဲ ဘယ်ရောက်နေတာလဲ Nam Hae Yoon ...... နင် ငါ့ဒေါသကို သိတယ်နော်"

တဖက်မှ ကျယ်လောင်စူးရှစွာ ထွက်လာတဲ့ အသံကြောင့် Jimin ဖုန်းကို နားနှင့် အသာလေးခွါလိုက်ပြီးမှ

"ဟို ...... ခဏလေးပါ ...... အန်တီ ...... Hae Yoon ကို အခု အိမ်ပြန်ပို့ပေးမလို့ ...... ကျွန်တော် အိမ်မသိဘူး ဖြစ်နေလို့"

"မင်း ...... မင်းက ဘယ်သူလဲ ...... Hae Yoon ရဲ့ ချစ်သူဆိုတာလား ......Hae Yoon အခု ဘယ်မှာလဲ ...... ဘာလို့ ဖုန်းမကိုင်နိုင်ရတာလဲ"

"Hae Yoon မူးပြီး အိပ်ပျော်နေလို့ပါ ကျွန်တော် ရောက်ရင် ရှင်းပြပါ့မယ် ...... ကျွန်တော့်ကို အိမ်လိပ်စာလေး တစ်ချက်လောက်ပြောပြပါ"

သူ တောင်းတောင်းပန်ပန်နှင့် ပြောတော့မှ ...... အိမ်နံပါတ် ပြောကာ ဖုန်းချသွားလေသည်။ Jimin သူ့ကျောကိုမှီပြီး အိပ်နေတဲ့ Hae Yoon ကို လှဲစေပြီး သက်ပြင်းချလိုက်မိသည်။ သူမ ကတော့ အပူအပင်ကင်းကင်းနှင့် နှစ်ခြိုက်စွာ အိပ်နေပေမယ့် ......သူ့မှာတော့ သူမ အိမ်ရောက်သွားရင် ဘယ်လို ဖြေရှင်းရမလဲ ဆိုတာတွေးရင်း ရင်လေးနေမိသည်။

"ဟူးးး ...... ငါ နင့်ကို နောက် ဘယ်တော့မှ သောက်ဖို့ မခေါ်တော့ဘူး Hae Yoon......"

String [Completed]Where stories live. Discover now