"နင် ပြောတာလည်း ဟုတ်ပါတယ် ...... ခု လောလောဆယ်တော့ အိမ်ပြန်ရဖို့ ခေါင်းကျိန်းတယ်"
"တစ်ခွက် နှစ်ခွက်လောက် သောက်မလား ...... နည်းနည်းလေး အကြောက်ပြေသွားအောင်"
"အင်းး ...... ကောင်းသားပဲ ...... သွားကြရအောင် ..."
သူမ မတ်တပ်ရပ်လိုက်ပြီးမှ
"arr ... ငါ့မှာ ဖိနပ်မှ မရှိဘဲ ...... ဒီဖိနပ်နဲ့လဲ သွားလို့မရဘူး ...... Jimin ဘီယာနဲ့ ကြက်ကြော် ဝယ်ခဲ့ပါလား ...... ဟန်မြစ်ကမ်းနား သွားသောက်ကြမယ်လေ"
"Nam Hae Yoon ...... တော်တော် မသောက်ချင်ရှာဘူး ...... ခဏလေးစောင့် ငါ သွားဝယ်ခဲ့မယ်"
ခဏနေတော့ Jimin ကြက်ကြော်နှင့် ဘီယာဘူးတွေ ဆွဲကာ ပြန်ရောက်လာလေသည်။ နှစ်ယောက်သား သောက်ရင်းက လေးငါးဘူးလောက်ကုန်တော့ Hae Yoon စပြီး မူးလာလေသည်။ ဟိုလျှောက်သွား ဒီလျှောက်သွား လုပ်ပြီး တွေ့သမျှလူကို လက်လိုက်ဆွဲနေတာကြောင့် Jimin လိုက်ထိန်းရတာ မနည်း ...... နောက်ဆုံး သူ လိုက်မဆွဲနိုင်တော့ သူမကို ကားနောက်ခန်းထဲထည့်ကာ သူမအိမ်ဘက်သို့ မောင်းထွက်ခဲ့တော့သည်။ သူမတို့ လမ်းထဲရောက်ပေမယ့် သူ အိမ်နံပါတ် မသိတာကြောင့် ကားရပ်ပြီး အနောက်ခန်းဖက်သွားကာ သူမကို လှုပ်နှိုးတော့ သူမက ထထိုင်ကာ သူ့ကို ဖက်လိုက်လေသည်။ Jimin သူ့ကို ဖက်ထားတဲ့ သူမလက်တွေကို ဆွဲဖယ်နေစဉ်မှပင် သူမက သူ့ပါးနှစ်ဖက်ကို သူမလက်နှစ်ဖက်ဖြင့်ညှစ်ကာ မျက်လုံးလေးပွင့်လာပြီး သူ့ကို သေချာကြည့်လျက်
"Park ...... Ji...... min...... ???? ...... လူဆိုးကောင် ...... နင့်ကြောင့် ငါ ဘယ်လောက် ခံစားရလဲ နင် သိလား"
သူမ ဆီက ဗလုံးဗထွေး ပြောလိုက်တဲ့ စကားသံကြောင့် သူ့ရင်ထဲ နွေးကနဲ ဖြစ်သွားသလို အံ့အားလည်းသင့်သွားမိသည်။
**သူ ငါ့ကို ကြိုက်နေတာလား ???? မဖြစ်နိုင်ပါဘူး ***
Jimin တွေးရင်း သူမကို ကြည့်လိုက်တော့ သူမက သူ့ပါးပေါ်က လက်တွေကိုဖယ်ကာ သူမရင်ဘတ်ကို သူမပုတ်ရင်း
"ငါ ...... ရင်တွေအရမ်းနာတယ် ......"
"အေးပါ ...... ဟုတ်ပါပြီ ...... အခုတော့ ငါ့ကို နင့်အိမ်နံပါတ် ပြောပြပါနော် ......အဲ့ဒါမှ ငါနင့်ကိုလိုက်ပို့လို့ ရမှာ"
String (Part 15)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)