String (Part 15)

Magsimula sa umpisa
                                        

"Park Jimin အစုတ်ပလုတ် ...... ဖြေးဖြေးသက်သာ ဆွဲခေါ်လာပါလားလို့ ဒီဖိနပ်ကြီး စီးထားရတဲ့ အထဲ သူက တရွတ်တိုက် ဆွဲခေါ်လာသေးတယ် ...... ဒီမှာကြည့်ဦး ဒါဏ်ရာတွေရကုန်ပြီ"

သူမ စကားကြောင့် သူကြည့်မိမှ ...... ဟုတ်သားပဲ ...... သူမ ခြေထောက်မှာ ဖိနပ်ပွန်းထားတဲ့ ဒါဏ်ရာတွေနှင့် ......

**ငါ လည်းဖိနပ်နဲ့ တော်တော် အကျိုးပေးပါလားလို့**တွေးမိကာ Jimin ရယ်လိုက်မိတော့ သူမက သူ့ကို မျက်စောင်းထိုး ကြည့်လေသည်။

"နင် ဘာလို့ ငါ့ကိုဆွဲခေါ်လာတာလဲ Jimin"

"နင့်ကြည့်ရတာက မျက်စိပျက်မျက်နှာပျက်ဖြစ်နေလို့လေ ...... အကောင်းနဲ့လည်း ခေါ်ထုတ်လာခဲ့ရသေးတယ် ...... ဘာလဲ ပြန်သွားချင်လို့လား ......လူမှားသွားလို့ပါလို့ ပြောပြီး ငါ ပြန်လိုက်ပို့ပေးမယ်"

"တော်ပါ ...... မသွားချင်ပါဘူး ...... Omma တို့ကလည်း ဘယ်လိုလူနဲ့ တွေ့ခိုင်းမှန်း မသိဘူး ...... တကယ်ပဲ"

သူမ စကားကြောင့် Jimin ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။

"Yah!!! Park Jimin နင်က ဘာရယ်တာလဲ"

"နင်ကလည်း တွေ့ရမယ့် လူကို သဘောမကျပေလို့ပဲ ...... ပြင်လာလိုက်တာ ငါတောင် မနည်းမှတ်မိအောင် ကြည့်ရတယ်"

"အဲ့ဒါ Omma ပြင်ခိုင်းတာလေ...... တွေ့ရမယ့် လူကလည်း ခုလိုဆိုးရွားလိမ့်မယ်ဆိုတာ ဘယ်သိမှာလဲ"

"အခုက ...... ဘာဖြစ်နေလို့လဲ"

"သမိုင်း သုတေသီတဲ့လေ ...... သူ့အလုပ်အကြောင်းနဲ့ သူတော်ကြောင်းကို ပြောတာ ပေါက်ပေါက်ကိုဖောက်နေတာပဲ ...... မိန်းကလေး အရှုံးပေးရတယ် ...... တကယ် စိတ်ပျက်ဖို့ကောင်းတယ်"

ဘေးနားက အုတ်ခုံပေါ် အားရပါးရထိုင်ချရင်း စူပုတ်ပုတ်နှင့် ပြောနေသော Hae Yoon ကိုကြည့်ကာ Jimin ရယ်နေမိတော့သည်။ Hae Yoon ကတော့ စိတ်ပျက်လက်ပျက်ဖြင့်

"ဟူးးးး ...... ခုလောက်ဆို Omma တော့ သိပြီး ဒေါသတွေထွက်နေလောက်ပြီနဲ့တူတယ် ... စိတ်ညစ်ပါတယ်"

Jimin ...... Hae Yoon ကျောလေးကို ပုတ်ပေးရင်း

"နင့် Omma စိတ်ဆိုးလည်း ခဏပါ ...... နင် အခုနေသာ အပြတ်မငြင်းလိုက်ရင် ဟိုလူနဲ့ တစ်သက်လုံး ဒုက္ခရောက်နေလိမ့်မယ်"

String [Completed]Tahanan ng mga kuwento. Tumuklas ngayon