"ဘာလဲ ...... ကိုယ်က အဲ့လောက်တောင် ကြည့်ကောင်းနေတာလား"

"အင်း ...... အရမ်းကြည့်ကောင်းတယ်"

Soon Young အကြည့်မလွှဲဘဲ ဖြေလိုက်တော့ Jin က ခေါင်းသုတ်ပေးနေတာကို ရပ်ကာ နဖူးချင်းထိထားလိုက်ရင်း သူမ မျက်ဝန်းတွေကို စိုက်ကြည့်လာလေသည်။ နှစ်ယောက်သား အချိန်အတော်ကြာ တစ်ယောက်မျက်ဝန်းထဲက ပုံရိပ်ကို တစ်ယောက်ရှာဖွေရင်း စကားသံတွေ တိတ်ဆိတ်နေခဲ့ပေမယ့် ရင်ခုန်သံတွေကတော့ ထိန်းမရအောင် ဆူညံလို့နေလေသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxx

Jimin ညနေစောင်း သူငယ်ချင်း တစ်ယောက်နှင့် ညစာစားဖို့ ချိန်းထားတာကြောင့် စားသောက်ဆိုင်တွင် ထိုင်စောင့်နေမိသည်။ ထိုစဉ် ထိုဆိုင်ထဲသို့ ဝင်လာတဲ့ မိန်းကလေးကြောင့် သူသောက်မယ့်ရေပင် သီးသွားရသည်။ နှုတ်မှလည်း သူမ နာမည်ကို လွှတ်ခနဲ ရွတ်လိုက်မိ၏။

"Nam Hae Yoon !!!"

သူမက သူ ခါတိုင်းတွေ့နေကျ ပုံစံမျိုး မဟုတ်ဘဲ ဒူးလောက်ရှိတဲ့ အနက်ရောင် ဂါဝန်အပျော့သားလေး နှင့် သူမရဲ့ ဆံပင်တွေကို အခွေလေးလိပ်ထားပြီး တစ်ဖက်သိမ်းချထားကာ ထူးထူးခြားခြားလှနေလေသည်။ သူမကတော့ သူ့ကို မြင်ပုံမရချေ ...... သူနှင့် မျက်စောင်းထိုးနားလောက်မှာ ရှိတဲ့ စားပွဲဝိုင်းက လူဆီသို့ လျှောက်သွားကာ ထို ဝိုင်းတွင် ဝင်ထိုင်လိုက်၏။

Jimin သူတို့နှစ်ယောက်ရဲ့ အခြေအနေကို အသာလေး အကဲခတ်ကြည့်မိသည်။ ဒီလူက ဘယ်သူလဲ ...... ချစ်သူလို့ ပြောရအောင်လည်း Hae Yoon မှာ ချစ်သူ ရှိတယ်လို့ သူ တစ်ခါမှမကြားဖူး ...... မဟုတ်မှလွဲရော ......... အိမ်ထောင်ဖက်တွေ့တာလား ???? Jimin သေချာကြည့်မိတော့ တဖက်လူကသာ အားတက်သရော စကားတွေပြောနေပေမယ့် Hae Yoon ကြည့်ရတာ စိတ်ညစ်နေပုံရလေသည်။ သူနဲ့ မဆိုင်ဘူးလို့ ဆုံးဖြတ်ထားပေမယ့်လည်း Jimin ခြေထောက်တွေက အလိုလို သူတို့နားရောက်သွားကာ Hae Yoon လက်မောင်းကိုဆွဲကာ ထူလိုက်မိ၏။ Hae Yoon က သူ့ကိုမြင်တော့ လန့်သွားလေသည်။

"Jimin???"

"Hae Yoon ငါနဲ့လိုက်ခဲ့"

ဟိုလူ ဘယ်လိုပုံစံနှင့် ကျန်ခဲ့သည်ကို မသိ Jimin ထို စကားတစ်ခွန်းသာ ပြော၍ သူမကို ဆွဲခေါ်လာခဲ့၏။ Hae Yoon တစ်ယောက် ကတော့ သူ့နောက်ကနေ ယက်ကန်ယက်ကန် နှင့်ပါလာလေသည်။ လူရှင်းတဲ့နေရာရောက်မှ Jimin သူမ လက်ကို လွှတ်ပေးကာ သူမ ကိုကြည့်လိုက်မိတော့ သူမက ငိုမဲ့မဲ့နှင့် ပါးစပ်ကပွစိပွစိပြောပြီး ဖိနပ်ကို ဆွဲချွတ်ကာ လက်နဲ့ကိုင်လိုက်၏။

String [Completed]Where stories live. Discover now