Jin ...... သောင်ပြင်ပေါ်ထောက်ထားတဲ့ Soon Young လက်ဖမိုးလေးပေါ် သူ့လက်တင်ကာ အုပ်ကိုင်လိုက်ရင်း
"မလိုပါဘူး ...... ကိုယ်တို့ကြားမှာ ကျေးဇူးဆိုတဲ့ စကားမှ မလိုတာ"
"မဟုတ်ဘူး ...... Omma က ပြောဖူးတယ် ကိုယ့်ကို ချစ်ပေးတဲ့သူတွေကို အမြဲကျေးဇူတင် ရမယ်တဲ့"
"အဲ့လိုလား ...... အဲ့ဒါဆို Soon Young ကိုလည်း ကိုယ် ကျေးဇူးတင်ပါတယ် ပြီးတော့ အရမ်းလည်း ချစ်တယ်"
Soon Young က သူ့ လက်ကိုချိတ်ပြီး သူ့မျက်နှာကိုကြည့်ရင်း
"ကျွန်မလည်း Jin ကို အရမ်းချစ်တယ်"
ချစ်သူနှစ်ဦးအကြား အမြဲလိုလို ကြားနေရတဲ့ စကားဆိုပေမယ့် ဘယ်အခါမှ မရိုးနိုင်အောင် ရင်ခုန်ရသည်။ Jin သူမ မျက်ဝန်းတွေထဲကို ငေးကြည့်ရင်း ပန်းနုရောင်နှုတ်ခမ်းပါးလေးကို ဖွဖွလေးနမ်းလိုက်တော့ သူမ ပြုံးလျက် သူ့လက်မောင်းကို တင်းတင်းချိတ်ရင်း သူ့အနားပိုတိုးကာ သူ့ပခုံးထက် ခေါင်းလေးတင်လိုက်လေသည်။ Jin သူ့ ပခုံးပေါ်က အေးစက်စက် အထိ အတွေ့ကြောင့် သူမ ဆံပင်တွေကို စမ်းကြည့်လိုက်မိ၏။
"Soon Young ဆံပင်တွေ စိုနေသေးတာပဲ ...... ဒီအတိုင်းနေရင်တော့ အပူရှပ်ပြီး ဖျားတော့မှာပဲ ...... ခဏလေးနော် Soon Young"
Jin ကားဆီသို့ သွားကာ သူ့အဝတ်အစား အိတ်ထဲက မျက်နှာသုတ်ပုဝါ တစ်ထည် ယူပြီး ပြန်လာခဲ့၏
"Jin ကလည်း သူ့ဟာသူ နေ အပူရှိန်နဲ့ ခြောက်သွားမှာပေါ့"
"အဲ့ဒါ မကောင်းဘူး ...... လာ ...... ကိုယ် သုတ်ပေးမယ်"
သူ သူမနှင့်မျက်နှာချင်းဆိုင်မှာ ထိုင်ကာ သူမခေါင်းပေါ် ပုဝါလေးကိုတင်ရင်း ရေစိုနေတဲ့ ဆံပင်တွေကို သုတ်ပေးဖို့လုပ်တော့ သူမက သူ့လက်ကို ဆွဲထားပြီး
"မလုပ်ပါနဲ့ ...... ကျွန်မ ကိုယ့်ဟာကိုယ် သုတ်မယ်"
"မရဘူးကွာ ...... ဒီတစ်ခါတော့ ကိုယ့်စကားကို နားထောင်ပေးနော်"
သူ တောင်းဆိုသလို ပြောမှ သူမက ပြုံးကာ ခေါင်းငြိမ့်ပြီး သူ့လက်ကို လွှတ်ပေးလိုက်၏။ Jin ပုဝါကိုယူပြီး သူမ ဆံနွယ်လေးတွေကို မြတ်မြတ်နိုးနိုးနှင့် တယုတယ သုတ်ပေးနေမိလေသည်။ Soon Young တစ်ယောက် သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို မျက်တောင်မခတ်တမ်း ငေးကြည့်နေမိသည်။ သူ့ရဲ့ ဂရုစိုက်မှုတွေ သူ့ရဲ့ ကြင်နာမှုတွေကြောင့် သူမ သူ့ကိုအရင်ထက်ပိုပြီး ချစ်နေမိပြီလေ ...
String (Part 15)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)