"မဟုတ်မှလွဲရော ...... အိမ်တော်ထိန်း Kim မသေသေး တာများလား"
သူရေရွတ်လိုက်ရင်း စိုးရိမ်စိတ်နှင့် အတူ နံပါတ်တစ်ခုကို ခေါ်လိုက်မိ၏။
xxxxxxxxxxxxxxxxxxxxxxxxxxx
Soon Young က သူမ လုပ်အားပေးနေကျ မိဘမဲ့ဂေဟာလေးဆီ သူနှင့်အတူ သွားချင်တယ် ဆိုတာကြောင့်ရော စက်ရုံကို မရောက်ဖြစ်တာ ခြောက်လလောက်ရှိတာကြောင့်ရော Jin ... Soon Young နှင့်အတူ ခရီးထွက်ရင်း ... စက်ရုံကို စစ်ဆေးမယ်လို့ စိတ်ကူးကာ အားလက်ရက်ကို နယ်မြို့လေးဆီသို့ ထွက်လာခဲ့၏။ လမ်းတစ်လျှောက်လုံး ဘေးကိုသာငေးရင်း ငြိမ်နေတဲ့Soon Young လက်ကို ဆုပ်ကိုင်လိုက်တော့ သူမက သူ့ကိုလှည့်ကြည့်လာလေသည်။
"ဘာတွေ ဒီလောက်တောင် ငေးနေရတာလဲ"
"ဘာမှ မဟုတ်ပါဘူး ဒီအတိုင်းပဲ ပတ်ဝန်းကျင်က အေးချမ်းပြီးကြည့်ကောင်းလို့ ...... Jin ပျင်းနေပြီလား"
"ပျင်းနေတာပေါ့ ...... Soon Young က စကားမှ မပြောတာ ...... ရှေ့နားမှာ ပင်လယ်ကမ်းခြေရှိတယ် ခဏနားမလား"
"အင်း ...... ကောင်းသားပဲ ကျွန်မလည်း ပင်လယ်ဖက် မရောက်ဖြစ်တာ တော်တော်ကြာပြီ ...... ပြီးတော့ မနက်အစောကြီး ကတည်းက ထွက်လာတာဆိုတော့ Jin ပင်ပန်းနေပြီပေါ့ ......"
Jin ကမ်းခြေရှိရာနားရောက်တော့ ကားကို လမ်းဘေးထိုးရပ်ပြီး နှစ်ယောက်သား ကားပေါ်မှ ဆင်းလိုက်၏။ Soon Young ကတော့ လက်နှစ်ဖက်ကို ဆန့်ကာ ပင်လယ်လေကို တစ်ဝရှုရှိုက်ပြီး ကမ်းစပ်ဖက်သို့ ပြေးဆင်းသွားလေသည်။ Jin သူမကို ကြည့်ရင်းပြုံးကာ သူမနောက် အပြေးလိုက်လာခဲ့၏။ ကမ်းစပ်နားရောက်တော့ Soon Young က ဖိနပ်ချွတ်ကာ ရေထဲပြေးဆင်းသွားပြီး သူ့ကို လက်ယက် ခေါ်လေသည်။ Jin သူမ အနားရောက်သွားတော့ သူမက ရေနဲ့လှမ်းပက်လိုက်တာကြောင့် သူလည်း ဖိနပ်ချွတ်ကာ ရေထဲဆင်းပြီး သူမကို ရေနဲ့ပြန်ပက်လိုက်၏။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ရေနှင့် အပြန်အလှန်ပက်ကာ ကျီစယ်ရင်း မောလောက်တော့မှ ရေထဲက ပြန်တက်ခဲ့ကြပြီး အဝတ်တွေခြောက်အောင် သောင်ပြင်မှာ ထိုင်ကာ နေစာလှုံနေမိကြလေသည်။
" ပျော်ဖို့ကောင်းလိုက်တာ ...... ကမ်းခြေမရောက်ဖြစ်တာ တော်တော်ကြာပြီ ...... ကျေးဇူးတင်ပါတယ် Jin"
String (Part 15)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)