"သူက ဘယ်သူလဲ Chal Lin"
"ဟိုလေ …… "
"Park Jimin ပါ …… ဒါနဲ့ မင်းက"
"Kim Taehyung"
Jimin လက်ကမ်းပေးလိုက်ပေမယ့် Taehyung က မသိကျိုးကျွံပြုကာ
"Chal Lin …… ငါ ဝယ်စရာကျန်သေးလို့ အပြင်ပြန်သွားလိုက်ဦးမယ်" လို့ ပြောပြီး ပြန်ဆင်းသွားလေသည်။ သူမ တို့နှစ်ယောက်တည်း ကျန်တော့မှ Jimin က
"သူနဲ့ မင်းက ဘာတွေလဲ …… တူတူ နေနေ ကြတာလား"
"အဲ့ဒါ ဘာဖြစ်လို့လဲ …… ကိုယ့် သူငယ်ချင်းနဲ့ တစ်အိမ်ထဲနေတာလေ"
"သူက ယောက်ျားလေး မင်းက မိန်းကလေး …… ဘယ်လိုလုပ် သင့်တော်မှာလဲ"
"Taehyung နဲ့ ကျွန်မနဲ့ ကြားမှာ သင့်တော်တယ် မသင့်တော်ဘူးဆိုတာ မရှိဘူး …… နယ်မှာ ကတည်းကလည်း မောင်နှမတွေလိုပဲနေလာခဲ့တာ …… ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကို ရှင် ဘာမှ စွက်ဖက်စရာ မလိုဘူးနဲ့တူတယ် …… ကျွန်မတို့ တစ်အိမ်တည်းနေတာကို မသင့်တော်ဘူး ထင်ရင် …… ရှင် ကျွန်မကို လက်လျော့လိုက်ပါ …… ကျွန်မလည်း ရှင့်ကို ဘယ်တော့မှ ပြန်ချစ်နိုင်မှာ မဟုတ်ဘူး"
"ဘာလို့ ကိုယ့်ကို ခါးခါးသီးသီး ငြင်းနေရတာလဲ"
"ရှင်ကရော ဘာလို့ မရနိုင်တဲ့ ကျွန်မဆီက အချစ်ကိုမှ လိုချင်နေရတာလဲ … ရှင့်လိုလူ အတွက် မိန်းကလေးမရှားပါဘူး"
"မိန်းကလေး မရှားဘူးဆိုတာ မှန်ပါတယ် … ဒါပေမယ့် ကိုယ်တကယ် ချစ်မြတ်နိုးရတဲ့သူ ကတော့ ရှားတယ်"
Chal Lin ဘာမှဆက် မပြောမိ …… အခြေအတင် ပြောနေရတာကို စိတ်ပျက်မိတာလည်း ပါသည်။
"ကိုယ့်ကို မချစ်နိုင်တဲ့ အကြောင်းအရင်းကို ပြောပြ …… ကိုယ်နောက်ဆုတ်သင့်တဲ့ အကြောင်းအရင်းဆိုရင် နောက်ဆုတ်ပေးမယ်"
"အဲ့ဒါဆို ကျွန်မပြောမယ် … ရှင် ကျွန်မအကြောင်း ဘယ်လောက်သိလဲ … "
"………"
"ရှင် မပြောနိုင်ဘူး မဟုတ်လား …… ကျွန်မ ပြောပြမယ် … ကျွန်မတို့ မိသားစုက ဆင်းရဲတယ် …… ကျွန်မဘဝက မိသားစု စားဝတ်နေရေး အတွက် ရုန်းကန်ရင်း ကိုယ့်ဘဝ တိုးတက်ရာတိုးတက်ကြောင်း ကိုလည်း ဖန်တီးနေရတာ …… ဘဝကို အဲ့လိုဖြတ်သန်းနေရတဲ့ ကျွန်မ အတွက် ချစ်သူဆိုတာ အနှောင့်အယှက် အတားအဆီး တစ်ခုလို့ပဲ မြင်မိတယ် …… အကယ်၍ ချစ်သူထားခဲ့ရင်တောင် သူ့ အတွက် ပေးစရာ အချိန်မရှိဘူးလေ …… အဲ့ဒါကြောင့် ချစ်သူ မထားခဲ့သလို ထားဖြစ်ခဲ့ရင်လည်း ကိုယ့် ဘဝ အခြေအနေကို နားလည်ပေးနိုင်ပြီး ကိုယ့်ကို သက်ဆုံးအထိ လက်တွဲနိုင်တဲ့ သူကိုပဲ စဉ်းစားချင်တယ် …… ဟိုယောက်ျားလေးနဲ့ တွဲလိုက် အဆင်မပြေတော့ နောက်တစ်ယောက်နဲ့ ပြောင်းတွဲလိုက် အဲ့လို အလုပ်မျိုးတွေ ကျွန်မ မကြိုက်ဘူး …… အချစ်ဆိုတာက ကစားစရာ တစ်ခုလို လိုချင်တုန်းကတော့ အသည်းအသန်လိုချင်ပြီး ကစားလို့ ဝသွားပြီဆိုမှ စွန့်ပစ်လိုက်တာမျိုး လုပ်လို့မှ မရတာ …… အဲ့လိုလုပ်ရင် အဲ့ဒါကို အချစ်လို့ ဘယ်လိုလုပ်ခေါ်လို့ရမှာလဲ"
String (Part 13)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)