"နင် ဘယ်လို သဘောရလဲဟင် …… ငါ သူ့ကို လက်ခံလိုက်တာ မှန်ရဲ့လား"
Soon Young စကားသံနှင့် မျက်ဝန်းတွေထဲက စိုးရိမ်မှုတွေကို Hae Yoon မြင်လိုက်ရ၏။ Hae Yoon သက်ပြင်းချကာ ……
"နင် သူ့ကိုချစ်လို့ လက်ခံခဲ့တာ မဟုတ်လား …… ပြီးတော့ နင်နဲ့ တွဲနေတော … သူ့အကြောင်းကို …… နင်ပဲ အသိဆုံးဖြစ်မှာပေါ့ ……"
"သူက သဘောကောင်းတယ် … ငါ့ကိုလည်း အစစ အရာရာ ကူညီပေးတယ် … သူနဲ့ရှိရင် ငါပျော်တယ် … လုံခြုံတယ်လို့လည်း ခံစားရတယ် …… သူက ငါ့အတွက် အစ်ကို တစ်ယောက်လိုဖြစ်နေတာ ……သူ ဖွင့်ပြောလာတော့ ငါ မငြင်းရက်ဘူး ……"
"ဒါဆို နင်က သူ့ကို ချစ်လို့ လက်ခံခဲ့တာ မဟုတ်ဘူးပေါ့"
"အဲ့လိုလည်း မဟုတ်ဘူးလေ …"
Hae Yoon …… Soon Young ရဲ့ ပုခုံးလေးနှစ်ဖက်ကို ကိုင်လိုက်ရင်း
"နင်လည်း သူ့ကို ချစ်တယ် …… သူလည်း နင့်ကိုချစ်တယ် ဆိုတော့ ပြီးပြီပေါ့ …… ဘာလိုဦးမှာလဲ …… ပျော်ပျော်နေပါ …… ဘာမှစိုးရိမ်မနေနဲ့ …… နင်တို့ကြားထဲကို ဘယ်လိုအနှောင့်အယှက်မျိုးကမှ ဝင်လို့ရမှာ မဟုတ်ဘူး"
"နင်ပြောတာ ဟုတ်ပါတယ် …… ဒါပေမယ့် ငါချစ်ရတဲ့သူတွေကို ဆုံးရှုံးရမှာ ငါ ကြောက်မိတယ် …… နင်လည်း သိတဲ့ အတိုင်းပဲ အမေ မရှိတော့ကတည်းက ငါ့ ဘဝမှာ အဆင်ပြေပြေ ပျော်ပျော်ရွှင်ရွှင် နေရတဲ့ အခိုက်အတန့်ဆိုတာ ဘယ်မှာရှိခဲ့လို့လဲ …… ဒီ တစ်ခါလည်း အခု ငါ့ရဲ့ပျော်ရွှင်နေမိတဲ့ အခိုက်အတန့်လေး ပျောက်သွားမှာကို စိုးရိမ်မိနေတယ်"
"ဘာမှမဖြစ်ပါဘူး …… Soon ရယ် … နင် စိုးရိမ်လွန်နေတာပါ …… အခု နင်ပျော်နေတယ် မဟုတ်လား …… နောက်လည်း ဒီလိုပဲ ပျော်ရမှာပါ"
"အင်း …… နင်ပြောသလိုပဲ အစိုးရိမ်လွန်နေတာပါ …… သွားကြရအောင် Duty ဝင်တာ နောက်ကျနေလိမ့်မယ်"
သူမတို့နှစ်ယောက် စကားပြောပြီး ထလာတော့ အနောက်ကနေ သူမတို့နှစ်ယောက် ပုခုံးကို Jimin က ဖက်လာပြီး
"Lady နှစ်ယောက် ဘာတွေ ကြိတ်ပြီးတိုင်ပင်နေကြလဲ"
Soon Young က Jimin လက်ကို ဖယ်ချကာ
String (Part 13)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)