"ဒါ အိမ်မက်တော့ မဟုတ်ပါဘူးနော် …… Soon Young …… "

"အိမ်မက်ဖြစ်စရာလား …… လူတစ်ယောက်လုံး ရှေ့ကို ရောက်နေတာကို …… ဒါနဲ့ Jin က ဘာလို့ မအိပ်ရတာလဲ …… မနေ့က လည်း တစ်နေကုန် လျှောက်သွားထားတာ ပင်ပန်းနေမှာပေါ့ …… "

"ကိုယ်က ရပါတယ် …… Soon Young မျက်နှာလေးကို မြင်ရရင် ပင်ပန်းတာတွေ အလိုလိုပျောက်သွားတာ"

"Aigooo …… ခုမှ အပိုစကားတွေ အရမ်းပြောတတ်နေပါလား … မလွယ်ဘူး"

မျက်နှာလေး ရှုံ့မဲ့ကာ ပြောနေတဲ့ Soon Young ကို Jin အသည်းယားလာတာကြောင့် သူမ နှာခေါင်းထိပ်ဖျားလေးကို ဖွဖွလေး ဆွဲလိုက်၏။ သူမ ကတော့ သူ့လက်ကို ဖယ်ချရင်း ရယ်နေလေသည်။ ချစ်ရသူနဲ့ အတူရှိရတဲ့ မနက်ခင်းက ခါတိုင်းထက် ပိုပြီး သာယာနေသလိုပင် ……

အပြုံးချင်း ဖလှယ်ကာ အတူထွက်သွားကြတဲ့ ချစ်သူနှစ်ယောက်ကို စောင့်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံကိုတော့ သူတို့ သတိမမူလိုက်မိပေ ………

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဌာနထဲကို ပြုံးရွှင်စွာ ဝင်လာတဲ့ Soon Young ကို လုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေရော သူနာပြုဆရာမလေး တွေကပါ တီးတိုးတီးတိုးနှင့် အထူးအဆန်းလိုလိုကြည့်နေကြလေသည်။

"Soon …… ခဏ … ခဏ"

Hae Yoon က သူမ လက်ကိုချိတ်၍ လူရှင်းတဲ့ နေရာသို့ ဆွဲခေါ်သွားတာ ခုံတန်းလေးမှာ ထိုင်ခိုင်းလိုက်၏။

"wae Hae Yoon yarr ??"

"နင် ငါ့ကို ဘာတွေလျှိုထားလဲ Soon"

"ဘာလဲ …… ဘာကိုလဲ"

" ဌာနထဲ ဝင်လာကတည်းက မျက်နှာကြီးက ပြုံးနေတာကို …… ကိစ္စတစ်ခုခု ကျိန်းသေ ရှိရမယ် ဟုတ်တယ် မဟုတ်လား"

Soon Young ပြုံးလိုက်ရင်း ……

"ဟုတ်တယ် …… ဟိုတခါ နင့်ကို ပြောတဲ့ တစ်ယောက်လေ ……"

"ဘာလဲ Jimin ရဲ့ hyung လား …… ချစ်သူ ဖြစ်သွားကြပြီလား"

"ဟင် …… နင်က ကြိုသိနေတာလား"

"သိတာပေါ့ …… နင် သူနဲ့ တွဲသွား တွဲလာ လုပ်နေကတည်းက ငါရိပ်မိပါတယ်"

String [Completed]Where stories live. Discover now