အမုန်းဖြင့်​ ​နှောင်​ဖွဲ့သော !

1.5K 120 11
                                    

Hate Race
By wuyetihan
.............
အမုန်းဖြင့်​ ​နှောင်​ဖွဲ့​သော!
.........................

“ဒီကိုယ်ဝန်ဟာ ကျွန်တော့်ကြောင့် ရတာလို့ TAO ထင်နေရင်………..ဒီကိုယ်ဝန်ဟာ ကျွန်တော့်ကြောင့်ရတာမဟုတ်ဘူးလို့ အရင်ဆုံးပြောချင်ပါတယ်………..။”

“ဘာ…ဒီကိုယ်ဝန်က ရှင်နဲ့ရတာမဟုတ်ဘူးလား…….။”

TAO နှုတ်ခမ်းကို တင်းတင်းစေ့ပြီး SEHUN ကို နားမလည်နိုင်သောမျက်ဝန်းတွေဖြင့် ခပ်စူးစူးကြည့်လိုက်ပြီး…….

“ရှင် ရူးသွားပြီလား….ဒီအချိန်မှာ ရှင့်ကိုယ်ဝန်မဟုတ်ပါဘူးလို့လာငြင်းနေတော့ရော ကျွန်မက ရှင့်ကို ဇွတ်အတင်း ကလေးအဖေ နေရာ ၀င်ရပ်ခိုင်းနေလို့လား……”

TAO အသံသည် တင်းမာပြတ်သားနေသည်…။SEHUNထံမှ ရယ်သံခပ်တိုးတိုးထွက်လာသည်…..။

“မဟုတ်ဘူး…….အဲဒါကြောင့်မဟုတ်ဘူး…..အမှန်က ဒီဇာတ်လမ်း ဒီလိုဖြစ်လာအောင် အဓိက ဖန်တီး တင်ဆက်သူက KRIS ပါ…”

“ဟင်…..”

TAO အံ့သြလွန်းလို့ မြေပြင်ပေါ်ရပ်နေသောခြေအစုံပင် ခွေယိုင်လဲချင်နေ၏……။

“ဟုတ်တယ် တကယ်တော့ အဲဒီ မင်္ဂလာဦးညမှာ ဖြစ်ပျက်ခဲ့တဲ့ အကြေ င်းအရာတွေအားလုံးကလဲ ကြိုတင်ကြံစည်ထားတဲ့ အကွက် တွေ ပါပဲ….။ TAO ထင်သလို   ကျွန်တော်နဲ့ TAO အဲဒီညက လုံးဝ မမှားယွင်းခဲံကြပါဘူး…….။”

TAO ရင်ထဲ ထိတ်ခနဲ ၀မ်းသာသွားသလို ခေါင်းတွေလည်းး မူနေသည်… .။

 “ဒါ……..ဒါဆို ကျွန်မက ဘယ်သူနဲ့ မှားယွင်းခဲ့တာလဲ..။ ဒီ…ဒီကိုယ်ဝန်ဟာ KRIS နဲ့ ရတဲ့ကိုယ်ဝန်တော့မဟုတ်တာ သေချာတယ်……..။ဘာဖြစ်လို့လည်းဆိုတော့….KRIS မူးလာတဲ့ ညတိုင်း ကျွန်မ သူ့အနားမှာ ရှိနေပေမဲ့. သူ ဘာမှမထိပါး မစော်ကားခဲ့ဘူး…..။ ဒါ..ဒါကို ကျွန်မကသာ မူးတာကို အကြောင်းပြပြီးတော့ ချော်လဲရောထိုင်လုပ်ခဲ့တာ……။”

SEHUN ဘောင်းဘီအိတ်ထဲ လက်နှစ်ဖက်ထည့်ပြီး ကိုယ်ကို မတ်မတ် ရပ်လိုက်သည်…..။ ပြီးနောက် ခပ်ပြုံးပြုံးမျက်နှာဖြင့်…. TAO ကို ငုံ့မိုးကြည့်ပြီး….

HATE RACEWhere stories live. Discover now