အမုန်းသံ​ယောဇဉ်​ကြိုး

1.2K 122 15
                                    

Hate Race
By wuyetihan
.............
.......................
နာ မဒိတ်​တာကြာသွားလားဟင်​ ?
.......ထုံးစံအတိုင်း အဆုံးထိဖတ်​ပီး အား​ပေးကြပါလို့
.......​​(အောက်​မှာ​ပါတဲ့​မေးခွန်း​လေးလဲ ​ဖြေကြည့်သွားပါလား ....ရရ မရရ​ပေါ့)....................
..............

မထင်​မှတ်​ပဲ Tao နှင့်​ ပတ်​သက်​ရန်​ ကြံဖန်​လာမှ​တော့ Tao စိတ်​တိုင်းကျ အ​လိုက်​သင့်​ ​ဖေးမရုံ​ပေါ့ ။ အခု​တော့ ကိုယ့်​ရင်​​သွေးကို Taoက လွယ်​ထားရတယ်​ဟု ယုံကြည်​​နေမှ​တော့ သူမ၏ယုံကြည်​မှုကို ကိုယ့်​ဘက်​က အလိုက်​သင့်​ လိုက်​​လျော​အနစ်​နာခံ​မှု​တွေနှင့်​ အရာရာကို ​ပေးဆပ်​ဖို့အသင့်​ ။

အ​တွေး​တွေနှင့်​အတူ ဝယ်​လာ​သော ​တော့ပိုကီနှင့်​ ကန်​ဇွန်းဥမီးဖုတ်​ကို ကြည့်​မိရင်း လူက​မောဟိုက်​လွန်း၍ အသက်​ပင်​ ခပ်​ပြင်းပြင်းရှု​နေရသည်​ ။

Tao စားချင်​သည်​ဆို၍ ohsehun ဆိုတဲ့ ကျွန်​​တော်​ မိနစ်​သုံးဆယ်အတွင်း အ​ပြေးဝယ်​​ပေးခြင်းပါ။

~~~~~~~ HR~~~~~~

အိမ်​ပြန်​​ရောက်​​တော့ နာရီဝက်​ကွက်​တိ။

"ရှင်​​ပြောတဲ့အတိုင်း နာရီဝက်​ အတွင်း ​ရောက်​​အောင်​ပြန်​လာသားပဲ sehun "

" အင်း..ကားငှါးသွားတာကို မြန်​မှာ​ပေါ့ ။ tao အရမ်းစာ​နေပြီလား ။ "

Sehun ဂရုတစိုက်​နဲ့ tao ကို​မေးလိုက်​သည်​ ။

" အင်း..ဆာ​နေပီ​ပေါ့ "

"ဒါဆို ကျွန်​​တော်​ အမြန်​ပြင်​ဆင်​လိုက်​ဦးမယ်​​နော်​ "

"​နေပါ​​စေ...ရှင်​​မောလာတာပဲ...ကိုယ့်​ဘာသာပဲ ထည့်​စားလိုက်​​တော့မယ်​ "

Sehun လက်​ထဲမှ မုန့်​ထုပ်​ကို လှမ်းယူရင်း​ပြော​တော့ sehunက လက်​မခံ ။

"​နေပါ​စေ ကျွန်​​တော်​ ပြင်​​ပေးပါ့မယ်​ tao ထိုင်​​နေပါကိုယ်​ဝန်​မ​ပေါ့မပါးကြီးနဲ့ကို.."

Sehun၏ ပျာယာခတ်​လွန်း​သော အလိုက်​သိမှု​တွေ​ကြောင့်​ tao အမှန်​ပင်​ အားနာ၌​နေ၏ ။

ကိုယ့်​ရဲ့ အငြိုးနှင့်​အမုန်း​တွေကြားမှာ sehunက ဓားစားခံဖြစ်​ခဲ့ရသည်​ကို​တွေးမိတိုင်း ရင်​ထဲမှာ စိတ်​မ​ကောင်းဖြစ်​ရသည်​ ။

HATE RACENơi câu chuyện tồn tại. Hãy khám phá bây giờ