The Answer?

1.3K 136 9
                                    

Hate Race
By wuyetihan

.....................
အောက်​ဆုံးထိ ဖတ်​​ပေး​နော်​ !
မှတ်​ချက်​​လေးပါ​တယ်​လို့ !
..................... .....................

"မzi tao ကျွန်​​တော့ကို​ပြောစရာရှိတယ်​ဆို "

တိတ်​ဆိတ်​ညိမ်​သက်​​နေတဲ့ ဧည့်​ခန်းထဲမှာ ohsehunကို​ရှေ့ထားပြီး အ​ကြောင်းအရာတစ်​ခုကို ဖွင့်​​ပြောဖို့ tao တွန့်​ဆုတ်​​လေးလံ​နေသည်​မှာ အချိန်​အ​တော်​ကြာပြီဖြစ်​သည်​။

"ကျွန်​မမှာ ကိုယ်​ဝန်​ရှိ​နေပြီ sehun"

"ဗျာ.."

မ​ပြော​တော့လည်း မ​ပြောလို့ ​ပြော​တော့လည်း ဒဲ့ကို​ပြောချလိုက်​​တော့တာပဲဟု sehunဈတ်​ထဲ ရယ်​ချင်​စိတ်​ဖြင့်​ ​တွေးလိုက်​၏ ။ အပြင်​ပန်းက မျက်​နှာအမုအရာက​တော့ ​အေး​ဆေးတည်​ငြိမ်​ဟန်​ဖြင့်​ ​ခေါင်းငြိမ့်​လိုက်​ပြီး

"ဟုတ်​ကဲ့...အကိုသိရင်​ ဝမ်းသာမှာပဲ"

"ဘယ်​လို...သူကဝမ်းသာမယ်​ဟုတ်​လား ...အဟင်း...ရှင်​​တော်​​တော်​ ရယ်​စရာ​ပြောတတ်​တဲ့သူပဲ ။ရှင်​နဲ့ရတဲ့ ကိုယ်​ဝန်​ကို သူက ကိုယ့်​ကိုယ်​ဝန်​လို့ထင်​ပြီး ဝမ်းသာအားရ မိုးထိ​အောင်​ ထခုန်​မယ်​လို့ထင်​လား ohsehun"

"ဗျာ..."

ဒီတစ်​ခါ အကြီးအကျယ်​တုန်​လှုပ်​သွားရသူက ohsehun ။

"ရှင်​ သိပ်​အံသြသွားလား sehun ။ အဟင်း..ဒီကိုယ်​ဝန်​က ရှင့်​ကိုယ်​ဝန်​ဆို​ပေမဲ့ ရှင့်​ကို တာဝန်​မယူခိုင်းပါဘူး ။ ဟို​ကောင်​ kris ပဲ တာဝန်​ယူရမှာပါ။ အခုရှင့်​ကို​ပြောတယ်​ဆိုတာ အသိ​ပေးရုံသက်​သက်​ပဲ​လေ ။ ဘာရည်​ရွယ်​ချက်​မှ မပါဘူး​နော်​ "

"ဒါ​ပေမဲ့ အဓိက တရားခံက ကျွန်​​တော်​ပဲ​လေ ၊ ကျွန်​​တော့်​မှာပဲ အပြစ်​ရှိတာပါ ။ tao ဘက်​က ဘယ်​လို​တောင်းဆိုမှုမျိုးမဆို ကျွန်​​တော့်​ဘက်​က လိုက်​​လျောဖို့ အသင့်​ရှိပါတယ်​ ။"

"ရတယ်​ မလိုဘူး။ ရွှံ့အိုင်​ထဲ ဆင်းမိမှ​တော့ ရွှံ့​ပေမှာကို ဘာ​တွေး​ကြောက်​​နေရမှာလဲ ။ ကျွန်​မမှားလိုက်​​ပေမဲ့ ဒီမှာတင်​ဆက်​ရပ်​ထားလိုက်​လို့မရ​တော့ဘူး။ ​ရှေ့ဆက်​တိုးရ​တော့မှာပဲ​လေ ။ ဒီက​လေးဟာ Kris က​လေးလို့ပဲ သူ​ရော သူ့ပတ်​ဝန်းကျင်​က​ရော လက်​ခံလာ​စေရ​တော့မှာ​ပေါ့ ။ "

HATE RACEWhere stories live. Discover now