Deep !

1.6K 158 2
                                    


ဘယ်လောက်ဆိုးရွားပက်စက်လိုက်တဲ့ အဖြစ်လဲလို့။ သတို့သမီးဝတ်စုံတကားကားနှင့် လမ်းမှာချပေးခဲ့သော KRIS WU FAN ၏အပြုအမူနဲ့လုပ်ရပ်ဟာ တော်ရုံ ယုတ်မာပက်စက်ရုံနဲ့ မဖြစ်နိုင် ။

ဒေါသထွက်လွန်းလို့ ကိုယ့်နှုတ်ခမ်းကို သွေးခြည်ဥသည်အထိကို နာနာကျင်ကျင် ဖိကိုက်လိုက်သည်။ KRIS ၏လုပ်ရပ်တွေက မိန်းမတစ်ယောက်၏မာနတွေကို တစစီဖဲ့ချွေနေသလို ဖြစ်နေသည်။ အမုန်းတွေချွေနေကြသူနှစ်ဦး၏ကြားက ဒီလို မကြာခဏစိန်ခေါ်မှုတွေက ဘယ်တော့ ပြီးဆုံးမယ် မထင် ။

"တောက် လူယုတ်မာကောင် မြွေပွေးအကောင် တစ်ရာလောက် တစ်ပြိုင်နက်တည်း အကိုက်ခံရမယ့်ကောင် "

ဆင်စွယ်ရောင် သတို့သမီးဝတ်စုံကြီးဖြင့် ကားလမ်းဘေးတွင် ခပ်ကြောင်ကြောင်ရပ်နေသော ZI TAO ကို ဖြတ်မောင်းသွားကြသော ကားတွေပေါ်မှာ ကြည့်ကြည့်သွားကြသဖြင့်  KRIS WU အပေါ် ပို၍ဒေါသပိုကာ တက် တစ်ချက် ခပ်ပြင်းပြင်းခေါက်ပြီး ခပ်ပျစ်ပျစ် ကျိန်ဆဲပစ်လိုက်သည်။

ရှက်လွန်း၍ ကိုယ့်မျက်နှာကို ပခုံးပေါ်မှာ ခပ်ရို့ရို့တင်ထားသော ဇာပ၀ါထဲမှာ ဖွက်ထားလို့ရရင်တောင် ဖွက်ထားလိုက်ချင်ပါသည်။

"ဟေးးးး နတ်မိမယ်လေး"

"တီ တီ တီ"

"လိုက်မလား"

အလျိုလျို နောက်သွားကြသော ပုရိသတွေ၏ ကျီစယ်သံကို KRIS ကြောင့်ဟူသော အပြစ်တင်ဒေါသဖြင့် ဥပေက္ခာပြုကာ ရွှေရောင်လက်ကိုင်အိတ်ထဲမှ ဖုန်းကိုထုတ်လိုက်သည်။

ဒီလိုရပ်နေလို့လည်းမဖြစ် ။ တက္ကစီငှားဖို့ကျတော့လည်း လူအပါသည့် တက္ကစီ တစ်စီးမှ မလားသေး ။

ဖြတ်လာသမျှ တက္ကစီတွေမှာလည်း လူအပြည့်ပါနေ၍ ရပ်မပေး။ TAo တားလိုက်တိုင်း လက်ကလေး တစ်ခါခါ ပြုံးဖြဲဖြဲကြည့်သွားကြသည်။

ထို့ကြောင့် သူငယ်ချင်းတစ်ယောက်ယောက်ထံ ဖုန်းဆက်အကူအညီတောင်းမှ ဖြစ်တော့မည်ဟု တွေးကာဖုန်းထုပ်မိစဉ်

"ကျီ"

အနက်ရောင် ဂျစ်တစ်စီး ZI TAOရှေ့သို့ ထိုးရပ်လာသည်။ TAO ခပ်ကြောင်ကြောင်လေးကြည့်နေသဖြင့်

HATE RACEWhere stories live. Discover now