Let's Scare !

1.4K 123 9
                                    

HATE RACE
By Wu YetiHan

Recall ​ခေါ်​တော့ဘူး​နော်​ !

~~~~~~~~~~~part >>>> 8....
Let's Scare !

kris နှင့် tao တို့ တည်ဆောက်ခဲ့သော အိမ်ထောင်တစ်ခုသည် နှစ်ဦးစလုံး ခံစားချက်ဗလာဖြင့် တည်ဆောက်ထားကြပြီး အမုန်းမီးတောက်တွေဖြင့် အနားသတ်ထားကြသည် ။

ဒီနေ့မနက်လည်း kris မနိုးခင် သူ့ရဲ့ကားကိုယူ၍ mom ရဲ့ fashion ဆိုင်ရှိရာသို့ ထွက်ခဲ့သည် ။

ကားမောင်းရင်း TAO ကြိတ်ပြုံးနေသည်။

သူအိပ်ယာကနိုးလို့ ရေမိုးချိုး အပြင်ထွက်ဖို့ ပြင်ဆင်ပြီးတာနှင့် ကားသော့ယူလိမ့်မည် ။

ကားသော့မတွေ့လျှင် ဘယ်လောက်တောင် ဒေါသတွေနှင့် ဆွေ့ဆွေ့ခုန်နေမည်နည်း ။

KRIS ၏ဒေါသကို စိတ်ကူးနှင့် ပုံဖော်ကြည့်ရုံနှင့် အတော်လေးကို ပျော်စရာကောင်းလှသည် ။

မေ​မေ့ ရဲ့ fashion ဆိုင်ကိုရောက်တော့ ရွှင်မြူးတက်ကြွနေသော TAo ကိုကြည့်၍ ​မေ​မေ ကမေး ၏ ။

"သမီး ဒီနေ့ သမီးလေး မျက်နှာလေး ကြည့်ရတာ ခါတိုင်းနဲ့မတူဘူးနော် ။ "

"​မေ​မေ ထင်လို့ပါ TAO ပုံစံက ဒီအတိုင်းပါပဲ ။ "

"မတူပါဘူး ။ ဒီနေ့ မျက်နှာလေး ပိုကြည်နေလို့ ။ "

ဇွတ်အတင်း မှတ်ချက်ချနေသော MOM ကိုကြည့်ပြီး TAO ခပ်လွင်လွင်လေး ရယ်လိုက်သည် ။

ကိုယ့်လုပ်ရပ်အမှန်ကို MOM ကိုဖွင့်ပြော၍ မဖြစ်ပေ ။ မိဘတွေအမြင်မှာ လက်ထပ်ပြီးကတည်းက KRIS နှင့် TAOတို့ကြားထဲက ဖြည်မရတဲ့ အမုန်းတွေကို နည်းနည်းမှ မရိပ်မိကြ ။

ချစ်သူတွေမဟုတ်ပဲ မိဘတွေပေးစားတာကို ကြည်ကြည်ဖြူဖြူနှင့် လက်ခံခေါင်းငြိမ့်ကြ၍ နှစ်ဖက်သောမိဘတွေက ချီးကျူး ၍မဆုံး ။

နှစ်ဦးကြားမှ တိတ်တဆိတ် စစ်ပွဲလေးကိုတော့ မေမေတို့ နည်းနည်းလေးမှ မ၇ိပ်မိကြ ။ ၇ိပ်မိလောက်အောင်လည်း tao ကမိဘတွေရှေ့မှာ ရန်စကားမပြော ။ ပြသနာမလုပ် ။

"တီ တီ တီ "

လက်ကိုင်အိတ်ထဲမှ ဖုန်းမြည်လာသဖြင့် ကောင်တာပေါ်တင်ထားသော အိတ်ထဲမှ ဖုန်းကို ထုတ်ယူလိုက်သည် ။

HATE RACEWhere stories live. Discover now