A Cup of Red Wine

1.6K 155 4
                                    

HATE RACE
By Wuyetihan

✏ ✏ ✏ ✏

SEHUN ဧည့်ခန်းထဲမှာ ZI TAO ထွက်အလာကို စိတ်ရှည်လက်ရှည် ထိုင်စောင့်နေလိုက်၏ ။ကိုယ့်ကို မပြန်ခိုင်းသေးဘဲ ဘာကြောင့် ဧည့်ခန်းထဲမှာ ထိုင်စောင့်ခိုင်းသလဲဆိုတာ SEHUN  စဉ်းစား၍မရ ။ ရဲစခန်းကိုများ ဖုန်းဆက်မှာမို့လို့ တမင် အချိန်ဆွဲသည့်အနေဖြင့် စောင့်ခိုင်းလေသလား ။

SEHUN နည်းနည်းတော့လန့်သွား၏ ။

"ရှင် ဗိုက်စာနေတယ်ဆိုတော့ ထလေ ၊ ကျွန်မနဲ့ ထမင်းစားခန်းကိုသွားကြမယ် ။"

အနောက်ဘက်မှ အသံကြောင့် SEHUN စိုးရိမ်စိတ်ဖြေဖျောက်ကာ ထိုင်ရာမှ ထလိုက်သည်။

အရှေ့မှထွက်သွားသော TAO နောက်သို့ SEHUN အူကြောင်ကြောင်ပုံစံဖြင့် လိုက်ခဲ့သည် ။

ထမင်းစားခန်းထဲရောက်တော့ TAO ရေခဲသေတ္တာထဲမှ ၀ိုင်ပုလင်းနှင့် ၀ီစကီပုလင်းကိ အရင်ထုပ်ပြီး နံ၇ံကပ်ဗီရိုထဲမှ အသားဘူးနှင့်ခေါက်ဆွထုပ်တွေကို ထုပ်ယူလိုက်သည် ။

"ဘာမှတော့ အဆင်သင့် မဖြစ်သေးဘူး ။ ဒါပေမဲ့ ဒါတွေက ရှင်နဲ့ ကျွန်မရဲ့ ဆာလောင်မှုတွေကိုတော့ အနည်းအကျဉ်း ဖြေရှင်းပေးရုံပါ ။ ဘယ်နှယ့်လဲ OK တယ်မလား"

"ဗျာ……. ဟုတ်….ဟုတ်ကဲ့ OKပါတယ် ။"

"OKတယ်ဆိုရင် ရော့ ။ ဒီ အသားဘူးတွေကို ရှင်ဖောက်  ၊ ကျွန်မက ခေါက်ဆွဲပြုတ်လိုက်မယ် ။"

တခဏအတွင်း တာဝန်တွေကို ခွဲယူလိုက်ကြသည် ။

TAO ပုံစံက သွေးအေးလွန်းနေသည် ။ အကြောင်းအရာတစ်ခုအတွက် စနစ်တကျ စီမံနေသလိုပင် ။ ထိုအကြောင်းအရာက ဘာလဲဆိုတာ SHEUN မသိ ။

ခေါက်ဆွဲပြုတ်ပြီးသည်နှင့် ဖန်ကွက်နှင့် ရေခဲတုံး ထည့်ထားသော ခွက်ကို စာပွဲပေါ်တင်လိုက်သည် ။

SEHUN TAO၏ လှုပ်ရှားမှုတွေကို တအံ့ တသြစောင့်ကြည့်ရင်း ပုစ္ဆာတစ်ပုဒ်ကို အဖြေညှိနေသည် ။

ဘယ်လိုမှ အဖြေက ထွက်မလာ ။

သတို့သမီးတစ်ယောက်က သူ့ရဲ့မင်္ဂလာဦးညမှာ တခြားယောက်ျားတစ်ယောက်နှင့် အရက်အတူသောက်ပြီး ပါတီပွဲကျင်းပဖို့ စိတ်ဓာတ်တွေ တက်ကြွနေတာဟာ သမားရိုးကျမှ မဟုတ်တာ ။

HATE RACEWhere stories live. Discover now