ည၏ ဖမ်းစားမှု

1.2K 140 19
                                    

Hate Race
By wuyetihan
.............
ည၏ဖမ်းစားမှု
(-​အောက်​ဆုံးက ငါ့ရဲ့an​လေးကိုပါ ဖတ်​​ပေးရင်​ သိပ်​​ကောင်းမှာပဲ-)
............................

တဖွဲဖွဲရွာ​နေ​သော မိုး​ရေစက်​အချို့ကို ပြတင်း​ပေါက်​မှ ရပ်​​ငေးကြည့်​ရင်း Tao ရင်​ထဲမှာ ဘာ​ကြောင့်​မှန်မသိ နင့်​နင့်​နဲနဲကို ငိုချပစ်​လိုက်​ချင်​သည်​။

ရင်​ထဲက အင်​အားကြီးစွာ လှိုင်းထန်​​နေ​သော ​သောကအပူ​တွေကို မိုး​ငွေ့ရဲ့ ​အေးမြစိုစွတ်​မှုက ဘယ်​မှာဘာပြီး ​အေးချမ်း​စေနိုင်​မှာတဲ့လဲ ။

မိုက်​ရူးရဲ​ဆန်​​သော အ​တွေး​လေးတစ်​ချက်​မှာ မှားယွင်းခဲ့မှုက ခု​တော့ အနာဂတ်​ တစ်​ခုလုံးကို စက္ကူစုတ်​တစ်​ရွက်​လို သုံးစားလို့မရ​အောင်​ စုတ်​​ခြေခြင်းခံရ​တော့မည်​ ။

အမှန်​ဆို kris အ​ရှေ့မှာ ကိုယ့််​ရဲ့ လက်​တစ်​ဆုပ်​စာ​လောက်​သာကျန်​​​တော့​​သော အမုန်း​တွေကို ဟန်​​ရေမပြချင်​​တော့ပါဘူး။

"Tao.."

ဘာ်​ချိန်​ကတည်းက​ရောက်​​နေမှနိးမသိ​သော Kris ၏​ခေါ်သံ​ကြောင့်​ ငဲ့​စောင်းကြည့်​မိ​တော့.....

ကိုယ့်​ကို ခပ်​ပြုံးပြုံးကြည့်​​နေတဲ့ သူ့ရဲ့အပြုံး​တွေက အဏင်​ကထက်​ကို ပိုပြီး တည်​ကြည်​​လေးနက်​​နေသ​ယောင်​​ယောင်​......

"မိုးစက်​​တွေ စင်​မယ်​​လေ...ဘာဖြစ်​လို့ အဲ့ဒီမှာ ထ်​က်​ရပ်​​နေရတာလဲ..."

"မိုးရွာတာကို ကြည့်​ချင်​လို့..."

သူ့ထံမှ ဟက်​ခနဲ ရယ်​သံထွင်​လာပြီး...

"ခပ်​​ကြောင်​​ကြောင်​ ​တွေးတတ်​တာပဲ... မိုးရွာတာများ...မမြင်​ဖူးတာကြ​နေတာပဲ.... ​ရော့...ငါနင့်​အတွက်​ ​ကော်​ဖီ ​ဖျော်​လာတယ်​... ပူတုန်း​သောက်​လိုက်​.."

Tao ​သောက်​ဖူးသမျှ​ တန်​ဖိုးကြီး ​ကောင်း​ပေ့ဆိုတဲ့ ​ကော်​ဖီ​တွေထက်​ကို အရသာက ​ကောင်းလွန်း​နေသ​လိုလို.....

"ဘယ်​လိုလဲ အရသာ.."

"အင်း.."

"ငါက​တော့ ဒီလိုမိုး​အေး​အေး​လေးထဲမှာ ​ကော်​ဖီတစ်​ခွက်​ထိုင်​​သောက်​ပြီး အခန်း​လေးထဲမှာ ဇိမ်​ယူ​နေရတဲ့အရသာကို အကြိုက်​ဆုံးပဲ... ခု​တော့ ငါ့အကြိုက်​က ပိုပြီး အဓိပ္ပါယ်​​တွေနဲ့ ပြည့်​စုံ​နေတယ်​.."

HATE RACEWhere stories live. Discover now