ငါ့ကို ချစ်​ပါ Tao !

1.3K 130 8
                                    

Hate Race
By wuyetihan
.............
.......................
သောက​တွေ ခဝါချထားခဲ့ပြီး ငါ့ရဲ့လက်​ကို ရဲရဲသာဆုပ်​ကိုင်​လိုက်​ပါ။ ပြီး​တော့ ငါတို့ ရာဇဝင်​ လိမ္မာ​အောင်​ အမုန်း​တွေကို နှစ်​ဦးသ​ဘောတူ ချန်​လှပ်​ထားခဲ့ကြမယ်​​လေ။
နင်​သ​ဘောတူမယ်​ဆိုရင်​​တော့ ငါတို့ရဲ့ သမိုင်း​တွေကို ပြန်​ပြင်​​ရေးကြ​​ရအောင်​ Taoရာ။

ကန်​​ရေပြင်​ကို ဖြတ်​သန်းတိုက်​ခတ်​လာ​သော ​လေနု​အေးက Kris ၏ စိတ်​​တွေကို ကြည်​လင်​လန်းဆန်းသွား​စေသည်​။ မခံစားဖူး​သော ခံစားမှု​နွေး​နွေး​လေး​တွေပင်​ ​လေ​ပြေနှင့်​အတူ တလှပ်​လှပ်​ တိုးဝင်​​နေကြ၏ ။

Kris မျက်​နှာအရင်​ကလို သုန်​မှုန်​မ​နေဘဲ ကြည်​လင်​​နေသည်​ဟု tao တစ်​​ယောက်​ ခပ်​တိတိတ်​​လေး​တွေးပြီး ​ကျေနပ်​​နေမိ၏ ။

Tao ဘဝမှာ ဒီလို​နေ့မျိုး​ရောက်​လာလိမ့်​မည်​ဟု ဘယ်​တုန်းကမီ မ​တွေးမိခဲ့ ။ ဒီ​နေ့မှ ထူးထူးခြားခြား ကိုယ်​နဲ့ အ​ဖော်​လိုက်​​ပေးတယ်​တဲ့ ။ စိတ်​​တွေ ပုံမှန်ပြန်​ဖြစ်​သွားလို့ ထင်​ပါရဲ့ ။

ဒါမှမဟုတ်​ ဗိုက်​ထဲက က​လေးက သူ့က​လေးလို့ အပြီးတိုင်​ ယူဆလိုက်​လို့များလား။

ဒါဆိုရင်​ Kris ခဗျာ နဖားကြိုးထိုးခံရ​တော့မ​ပေါ့။

အ​တွေးအတူ ခပ်​လွင်​လွင်​​လေး ပြုံးလိုက်​ပြီး စုံတွဲထိုင်​ခုံမှာထိုင်​​နေ​သော kris ဆီသို့​လျောက်​လာပီး ​ဘေးမှာ ဝင်​ထိုင်​လိုက်​သည်​ ။

"Kris"

"ဘာလဲ "

တင်းမာ​သော ​လေသံမဟုတ်​​ပေမဲ့ သိပ်​လည်း မ​ပျော့​ပျောင်း ။

"နင်​ ငါ့ကို ​ကြွေ​နေပြီမဟုတ်​လား "

"အဟက်​....နင်​ ဒီ​မေးခွန်းကို ပါးစပ်​အရသာခံပြီး ​မေးကြည့်​တာ​တော့မဟုတ်​ပါဘူး​နော်​.."

ပြန်​ပြီး ခနဲ့လိုက်​​သော Kris အ​မေး​ကြောင့်​ Tao ပခုံး​လေး ကို ဆတ်​ခနဲ တွန့်​လျက်​ ခပ်​တိုးတိုး ရယ်​လိုက်​သည်​ ။

သူမ၏ ရယ်​သံ ခပ်​တိုးတိုးတို့ကို ​လေကြည်​တို့က အ​ဝေးတစ်​​နေရာကို ခပ်​ဖြည်းဖြည်း သယ်​သွားကြ၏ ။

HATE RACEWhere stories live. Discover now