ကကြိုး​တွေ သွယ်​ကာရစ်​ကာ !

1.2K 125 14
                                    

Hate Race
By wuyetihan
.............
.......................

လောက၏ ​နေ​ရောင်​ခြည်​က စိမ့်​ထွက်​လာတဲ့ ခပ်​​နွေး​နွေး အပူ​ငွေ့က kris၏မျက်​နှာ​ပေါ်ကို တိုက်​ရိုက်​ဖြာဆင်းကြ​နေ၏ ။

မျက်​လုံးကို ဖျတ်​ခနဲ ဖွင့်​ကြည့်​လိုက်​​တော့ အရာအားလုံး သူ့အားငုံ့မိုးကြည့်​​နေကြသည်​ ။ ​ဘေးဘီကို​ဝေ့ဝဲကြည့်​လိုက်​​တော့ ဒါဟာသူ၏အိမ်​ကို ပြန်​​ရောက်​​နေပြီဆိုတဲ့အသိက အာရုံထဲကို ဖျတ်​ကနဲတိုးဝင်​လာသည်​ ။

သူဆတ်​ကနဲ ထထိုင်​လိုက်​သည်​ ။

"နင်​နိုးပြီလား kris "

အသံနှင့်​အတူ ​ကော်​ဖီကြမ်း​ဖျော်​ထည့်​ထားသည့်​ မတ်​ခွက်​ကိုင်​ပြီး အခန်းထဲဝင်​လာ​သော Tao ကိုမြင်​​တော့ သူ ဆတ်​ခနဲ တွန့်​သွားသည်​ ။ ယခု သူ​ရောက်​​နေတာက tao ၏ ခုတင်​​ပေါ်မှာ​လေ ။

"​ရော့.... နင့်​စိတ်​​တွေ ကြည်​သွား​အောင်​ ​ကော်​ဖီကြမ်း​လေး ​သောက်​လိုက်​ "

ထူးခြားစွာ​ပြောင်းလဲ​နေ​သော tao၏ အမူအရာကို ကြည့်​ပြီး kris ​ကြောင်​စီစီ ဖြစ်​​နေရှာ၏ ။

ဒါဟာ..အိမ်​မက်​မဟုတ်​တာ​တော့ ကျိန်း​သေ၏ ။

"ညက ငါ့ကို ဒီအ​ပေါ် ဘယ်​သူပို့​ပေးတာလဲ "

Kris အ​မေး​ကြောင့်​ tao.... krisအား ဖျတ်​ခနဲ ​မော့ကြည့်​လိုက်​သည်​ ။

" ဘာလဲ ငါက နင့်​ကို ဇွတ်​အတင်း ဆွဲ​ခေါ်ပြီး ငါ့ခုတင်​​ပေါ်မှာ အိပ်​ခိုင်းတယ်​ ထင်​လို့လား ?"

"ဟာာ..."

သွယ်​ဝိုက်​ခြင်း အလျဉ်းမရှိ​သော ပြန်​ချက်​ စကား​ကြောင့်​ Kris ဘာ​ဖြေရမှန်း မသိ​အောင်​ ​ကြောင်​စီစီဖြစ်​သွားသည်​ ။

ကိုယ်​​မေးလိုက်​တဲ့​မေးခွန်းကို ဒီလိုပြန်​​မေးရ​လောက်​​အောင်​ အ​ကြောင်းအကျိုး ဆီ​လျော်​​နေလို့လား ။

"ငါ့ကို ညက ဘယ်​သူလာပို့တာလဲ နင်​ထင်​ရာ​တွေ စွတ်​ပြီး ​တွေးမ​နေနဲ့ tao ၊ ငါ​စော​စောစီးစီး ရန်​မဖြစ်​ချင်​ဘူး "

Tao လက်​ထဲမှ ​ကော်​ဖီကြမ်းခွက်​ကို လှမ်းယူရင်း ​ဒေါသသံမပါ​အောင်​ သတိထား ထိန်း​​​ပြောလိုက်​သည်​ ။

HATE RACEWhere stories live. Discover now