Feel or not !

1.4K 128 16
                                    

HATE RACE
By wuyetihan

..............feel or not.........

"Sehun ရှင်​တစ်​မနက်​လုံး မီးဖိုခန်းထဲကကို မထွက်​ဘူး ဘာ​တွေအလုပ်​ရှုပ်​​နေတာလဲ"

"ဒီ​နေ့အကို ဧည့်​သည်​တစ်​​ယောက်​ကို ထမင်းစားဖိတ်​ထားတယ်​ဆိုလို့ပါ"

"ဘယ်​ကဧည့်​သည်​လာမှာမို့ ဒီ​လောက်​ဟင်းပွဲတွေအများကြီးစီစဉ်​​နေရတာလဲ "

"ကျွန်​​တော်​လဲမသိဘူး ကျွန်​​တော့်​ကို စားပွဲပင်​​ပေးပါဆိုလို့ ပြင်​​ဆင်​​ပေးရုံပါပဲ ဒီ့ထက်​ပိုပြီး ဘာမှမသိပါဘူး"

"Sehun အားလုံးအဆင်​သင့်​ပဲလား"

"ဟုတ်​ကဲ့ အကို"

ထမင်းစားခန်း အဝမှာ ရပ်​ကာ​မေး​သော kris ၏အ​မေးကို sehun တရိုတ​သေ ​ခေါင်းငြိမ့်​​ဖြေလိုက်​၏ ။

Kris၏ အကြည့်​​တွေက ထမ်င်းဝိုင်း​ဘေးရပ်​​နေ​သော Tao ထံသို့ ဖျတ်​ခနဲ အကြည့်​​ရောက်​သွားသည်​ ။

"Tao နင်​ဒီ​နေ့ ဘယ်​မှသွားစရာမရှိဘူးလား"

"င့ါဟာငါ ဘယ်​သွားသွား နင့်​လာ​မေးစရာမလိုပါဘူး"

အငြိုး​တွေက ​လေသံကို မာခိုင်းလိုက်​၏ ။

Kris ပုံစံက ငါအ​ကောင်း​မေးတာကို အ​ကောင်းပြန်​မ​ဖြေဘူးဆို​သော အကြည့်​ဖြင့်​ ခပ်​​အေး​အေး ​စွေကြည့်​ကာ

"​အေး​လေ မသွားဘူးဆိုလည်း တစ်​မျိုး​ကောင်းတာပဲ ငါ့​ကောင်​မ​လေးနဲ့ နင့်​ကို​ပေး​တွေံရတာ​ပေါ့ "

"ဘာ....ငါက နင့်​မယားငယ်​နဲ့​တွေံရမယ်​ဟုတ်​လား ထွီ....စကားကို တန်​ရာတန်​ရာ​ပြော နင်​တွဲ​နေတဲ့ အဆင့်​မရှိတဲ့ ​အောက်​ကြမ်းခင်းက မယားငယ်​မကို လက်​ခံ​တွေ့ဆုံ​ပေးရ​အောင်​ ငါက နင်​ထင်​သ​လောက်​ တန်​ဖိုးမမဲ့​သေးဘူး Kris"

Taoစကား​ကြောင့်​ Kris ရှူးရှူးရှားရှား ဖြစ်​သွားသည်​။ ပြီးမှ ​ဒေါသကို မနည်းမျိုသိပ်​လိုက်​ရပုံနှင့်

"​အေးပါ.....ငါ့ဇာတ်​ညွှန်း​လေး​တွေကလှ​တော့ နင့်​ရင်​ထဲမှာ သဝန်​တိုစိတ်​​တွေနဲ့ မနာလိုဖြစ်​​နေပြီမဟုတ်​လား "

HATE RACEWhere stories live. Discover now