ချစ်ခြင်း၏လုပ်ကြံခြင်းကြောင့်

1.2K 127 12
                                    

Hate Race
By wuyetihan
.............
ချစ်ခြင်း၏လုပ်ကြံခြင်းကြောင့် အမုန်းရဲ့ နိဂုန်းပဲ ကို​တွေ့ခဲ့ပြီ ......... အမုန်းရဲ့ နိဂုံးဟာ အချစ်ရဲ့နိဒါန်းအစပဲဆိုတာကို​တော့.......။
.......................
 

"Tao…..tao….."

အိမ်မက်ထဲမှာလိုလို အပြင်မှခေါ်နေသလိုလို အသံကြောင့် KRIS မှေးမှိန်နေသော မျက်လုံးများ ဖျတ်ခနဲ ဖွင့်ကြည့်လိုက်၏ ၊

မြင်လိုက်ရသော မြင်ကွင်းက လုံးဝ ထင်မှတ်မထားသော သွေးရူးသွေးတန်း မြင်ကွင်းမျိုး ။

"ဟင်…..TA…..Tao…..ဒါက ဘယ်လိုဖြစ်တာလဲ….ဒီ…ဒီကလေးက.."

တစ်ကိုယ်လုံး သွေးသံရဲရဲဖြင့် မြင်၍မကောင်းအောင် ဖြစ်နေသော TAO ရင်ခွင်ထဲတွင် အနှီးထုပ်ကလေးနှင့် ချစ်စရာရင်သွေးငယ်လေး ။

"ဒါ….ငါတို့ရဲ့ ကလေးလေးပါ….ဒီကလေးကို နင်တစ်ယောက်တည်း စောင့်ရှောက်ရတော့မယ်.."

"ငါတစ်ယောက်တည်း ဘာလို့ စောင့်ရှောက်ရမှာလဲ နင်ကရော နင် ဘာတွေဖြစ်နေတာလဲ"

KRIS၏ အသံတွေက စိုးရိမ်စိတ်ကြီးစွာဖြင့် လုံးထွေးရစ်ပတ်လို့နေ၏ ။

"ငါ….ငါလေ နင်နဲ့ သမီးလေးကိုခွဲပြီး ဘယ်တော့မှ ပြန်မလာနိုင်မယ့်လမ်းကို အပြီးထွက်သွားရတော့မယ်…"

TAO ပါးပေါ်မှ မျက်ရည်တွေ တလိမ့်လိမ့် ကျဆင်းလာ၏၊

"နင် ဘာတွေလာပြောနေတာလဲ TAO…နင်က ငါတို့ သားအမိ ဘ၀ထဲက ဘာလို့ ထွက်သွားရမှာလဲ… အဓိပါယ်မရှိတဲ့ စကားတွေ မပြောစမ်းပါနဲ့ဟာ…"

TAO ကမ်းပေးသော သမီးလေးကို အငမ်းမရ ပွေ့ချီလိုက်ပြီး TAOကို လုံးဝ အဆုံးရှုံးမခံနိုင်သော မျက်နှာမျိုးဖြင့် KRIS သွေး၇ူးသွေးတမ်း ပြောလိုက်သည် ။

"ငါ….တကယ်ပြောတာ KRIS  ငါ..ငါလေ နင့်ကိုရော သမီးလေးကိုရော အရမ်းချစ်တယ် မခွဲချင်ဘူး ဒါပေမဲ့ ငါ့မျှော်လင့်ချက်တွေ ငါ့ရင်ထဲက အချစ်တွေဟာ ခုတော့ တိမ်တိုက်တွေနဲ့အတူ လွင့်မျောကုန်ပြီ ငါ..ငါ နင့်ကို အရမ်းချစ်တယ် KRISရယ် ငါသွားတော့မယ် "

လက်ကလေး တကာကာ ပြရင်း KRISနှင့်သမီးလေးကို ကျောခိုင်းထွက်ခွာသွားသော TAOကို အသိစိတ်ကင်းမဲ့သလို ကြောင်ငေးကြည့်ရင်း ပါးပြင်မှာ မျက်ရည်တွေ လိမ့်ဆင်းကျလာသည်။

HATE RACEWhere stories live. Discover now