နှုတ်​ဆက်​ အနမ်း

1.1K 116 31
                                    

Hate Race
By wuyetihan
.............
နှုတ်​ဆက်​ အနမ်း !
.........................

ညသည် ကြေကွဲ စိုးထိတ်ခြင်းတွေနဲ့အတူ TAO ကို ဂရုဏာသက်စွာ စောင်ကြည့်နေကြ၏ ။

နံ၇ံမှာ ချိတ်ထားသော နာ၇ီကိုကြည့်လိုက်တော့ ည၁၁နာရီကျော်…။ ကော်ဖီထဲကို အိပ်ဆေးထည့်တိုက်ထားသဖြင့် တုတ်တုတ်တောင် မလှုပ်ဘဲ အိပ်မောကျနေသော KRIS ကိုကြည့်ပြီး လှဲအိပ်နေရာမှ မပေါ့မပါးသော ကိုယ်ဝန် ဖြင့် အားယူထလိုက်သည်..။

ကိုယ်ပေါ်မှ KRIS လွှမ်းခြုံပေးထားသော ဂွမ်းစောင်အပါးလေးကို ဆွဲဖယ်လိုက်ပြီး ခုတင်ထက်မှ ကိုယ်ကိုဖော့ကာ ဆင်းလိုက်သည် ..။

ဒီအချိန်ဆို LUHAN ခြံရှေ့မှာ သူ့ကားနှင့် စောင့်နေလောက်ပြီ ။

LUHAN လည်း TAO ၏ဆုံးဖြတ်ချက်ကို တားမရသည့်အဆုံး  TAO တိတ်တိတ်လေး ကလေးသွားမွေးမည့်နေရာသို့ သူကိုယ်တိုင် လိုက်ပို့မည်ဟု ဇွတ်အတင်းတောင်းဆိုသဖြင့် ငြင်းမရသည့်အဆုံး လက်ခံလိုက်ရသည်…။

TAO ရှိမည့်နေရာကို မည်သူ့မှ မသိစေချင်ပေမဲ့လည်း တကယ်တမ်း TAO မွေးဖို့ ဖွားဖို့ အရေးကြီးတဲ့ အချိန်ဆိုရင်တော့ TAO နားမှာ တစ်ယောက်ယောက်တော့ ရှိမှ ဖြစ်မည်….။ KRIS မဟုတ်ခဲ့ဖူးဆိုရင်တောင်မှ ပေါ့….။

LUHAN သိပြီဆိုရင်တော့ TAO မိဘတွေနှင့် KRIS ပါ TAO ဘယ်မှာရှိလဲဆိုတာ အနှေးနဲ့ အမြန် သိတော့မည်..။

သို့သော် ပြသနာတစ်ခုကို မြုံထားပြီး ရှောင်ပုန်းနေလို့ရော အချိန်ကာလတစ်ခုက ထိုပြသနာကို ဖြေရှင်းပေးနိုင်တာမှ မဟုတ်တာ..။

သိတော့လည်း သိပစေပေါ့..။

အတွေးတို့နှင့်အတူ ဆေးရုံစာရွက်စာတမ်း  ဘဏ်စာအုပ်နှင့် လိုအပ်သလောက် ငွေအချို့ကိုသာ လက်ကိုင်အိတ်ထဲထည့်လိုက်ပြီး အခန်းထဲမှ တိတ်တဆိတ်ထွက်ဖို့ ခြေလှမ်းပြင်လိုက်သည် ..။

ထွက်ခွာဖို့ ခြေလှမ်းတွေ လှမ်းမည်ဆိုကာမှ မျက်ရည်ဝေ့သော မျက်ဝန်းက KRIS အိပ်ပျော်နေရာသို့ နောက်ဆုံးအကြိမ်ဖြင့် လှည့်ကြည့်လိုက်သည်..။

HATE RACEWo Geschichten leben. Entdecke jetzt