ကွာရှင်းလက်​မှတ်​?

1.3K 125 4
                                    

Hate Race
By wuyetihan
.............
ကွာရှင်းလက်​မှတ်​ ?
.......................

နင့်​ရင်​ဘတ်​ထဲမှာ ငါ့ကိုမုန်းတဲ့ အမုန်း​တွေ အပြည့်​ရှိ​နေရဲ့သားနဲ့ ဘာ​ကြောင့်​ ငါ့ရင်​ထဲက အငြိုး​တွေကို ဖြည်​ချချင်​​နေရတာလဲ ။ ငါက နင်​ထင်​သလို ​ခေါင်းငုံ့ ခါးကိုင်းတတ်​တဲ့ ခပ်​ညံ့ညံ့ မဟုတ်​ဘူး။ ငါတို့ အမုန်းပြိုင်​ပွဲ က အနိုင်​အရှုံး မသဲကွဲ​သေးဘူး​လေ...။

~~~~~~~~HR~~~~~~~

" ငါ ​မွေးရပ်​​မြေခဏပြန်​သွားတဲ့တ​လျောက်​ နင်​​တော်​​တော်​​ပြောင်းလဲသွားတာပဲ ..."

Luhan တအံ့တသြ ​ပြောလိုက်​​သောစကား​ကြောင့်​ Tao ရှက်​ဝဲဝဲ​လေး ပြုံးလိုက်​သည်​။

"နင်​​နေနိုင်​တယ်​​နော်​...ငါ့မှာ ရင်​ဖွင့်​စရာလူမရှိလို့ ဘယ်​​လောက်​ အထီးကျန်​ရလဲ.."

"ယုံပါဘူးဟာ..ညာ​နေတာ.."

နှုတ်​ခမ်းဆူရင်းအပြစ်​​ပြောလာတဲ့ taoအပြစ်​တင်​စကား​ကြောင့်​ Luhan Tao ကို ချစ်​စနိုး မျက်​​စောင်းဖြင့်​ ခပ်​​စွေ​စွေကြည့်​ကာ မယုံဘာဘူး ဟု လက်​က​လေးခါပြလိုက်​၏ ။

" ​သြော်​ ...တကယ်​​ပြော​နေတာ...cross my heart ! .."

"အဲဒီလို အထီးကျန်​ရင်းနဲ့ပဲ အခု ဗိုက်​က​လေး ထွက်​လာပြီမဟုတ်​လား..။ ဟွန်း...​ပြော​တော့ အချစ်​ဘူး..မချစ်​ဘူးနဲ့...က​လေးက ထွက်​လာ​တော့မယ်​...."

"နင်​မသိပါဘူး မိသမင်​မရယ်​.....ငါ့မှာလည်း ငါ့ဒုက္ခနဲ့ ငါပါဟာ.."

"အံမယ်​...ဒုက္ခဆိုတာ ဂြိုလ်​နဲ့လားလို့​မေးယူရ​လောက်​​အောင်​ လိုတရ​နေတဲ့ မမက ခုမှ ထူးထူးခြားခြား ဒုက္ခ​တွေဘာ​တွေ တလို့....ကဲ...​ပြောစမ်း...နင်​ဘာ​တွေညစ်​​နေတာလဲ...နင့်​ဒါလင်​ သ​ဘောင်္ပြန်​တက်​​​တော့မှာမို့လို့လား.."

"သ​င်္ဘောပြန်​တက်​လိုက်​တာကမှ ငါ့အတွက်​ ဝမ်းသာစရာဖြစ်​ဦးမယ်​...ခု​တော့ တချိန်​လုံး ငါ့နားမှာရှိ​နေလို့ခက်​​နေတာ.."

"ဟင်​...နင့်​ဟာက ​ပြောင်းပြန်​...ကိုယ်​ဝန်​​ဆောင်​မိန်းမတစ်​​ယောက်​ရဲ့​ဘေးမှာ ကိုယ့်​​ယောက်ျားရှိ​နေတာ အ​ကောင်းဆုံးမလား..."

HATE RACEWhere stories live. Discover now