Stupid Idea in the Chest

1.2K 123 11
                                    

Hate Race
By wuyetihan
.........​အောက်​ထိဆုံး​အောင်​ဖတ်​​ပေးပါလားဟင်​....
....................
............
ညက အ​တော်​ပင်​ ညဉ့်​နက်​​နေပြီ.။

ကိုယ့်​အကြံနှင့်​ကိုယ်​ အိမ်​ကိုအဝင်​​ကောင်းရန်​ အများကြီးပို​သောက်​မိခဲ့၍ ကား​တောင်​ ကိုယ်​တိုင်​မ​မောင်းနိုင်​ခဲ့ ။

Lay ကစိတ်​မချ၍ သူ့ကားနှင့်​ပင်​ အိမ်​တိုင်​ရာ​ရောက်​ ပြန်​လိုက်​ပို့​ပေးသည်​ ။

အိမ်​​ရှေ့ကိုကားရပ်​လိုက်​သည်​နှင့်​ အမူးလွန်​​နေ​သော kris ကား​ပေါ်မှ ဒယီးဒယိုင်​ဖြင့်​ ဆင်းလာ၏ ။

"Good night သူငယ်​ချင်း goodnight "

"Good night မနက်​ကျရင်​ ....မှာ ကားသွားယူ​နော်​..ငါ မန်​​နေရျာဆီမှာ ကားအပ်​ထားခဲ့တယ်​..."

"အို​ကေ....ရက်​စ်​...ရက်​စ်​...."

အမူးလွန်​​နေ​သော kris က​တော့ နားထဲဝင်​လား မဂင်​လား မသိ ။ lay က​တော့ သူ​ပြောချင်​ရာ​ပြောပြီး ကားစက်​ပြန်​နှိုးကာ အိမ်​​ရှေ့မှ ​မောင်းထွက်​သွားသည်​ ။

ကားခြံပြင်​ထိ​ရောက်​သွားတာကို ဒယိမ်းဒယိုင်​ဖြင့်​ ​ငေးကြည့်​ရင်း အိမ်​​ရှေ့ တံခါး​ပေါက်​ကို ​လျှောက်​လာခဲ့လိုက်​သည်​ ။

လူ​ခေါ်ဘဲလ်​ကို လက်​ညှိုးဖြင့်​ တစ်​ချက်ဖိလိုက်​သည်​ ။

.........

လူ​ခေါ် ဘဲလ်​သံ​ကြောင့်​ ဧည့်​ခန်းထဲရှိ ဒရင်းဘတ်​​ပေါ်တွင်​ မဂ္ဂဇင်း ဖတ်​​နေ​သော Tao စာအုပ်​​လေးချကာ တံခါး​ပေါက်​ဆီ သို့ ​လျှောက်​လာပြီး ဖွင့်​​ပေးသည်​ ။

မူး​နေ​သောkris ကိုမြင်​​တော့ မျက်​နှာကိုလိုတာထက်​ ပို၍ တည်​လိုက်​ပြီး သူမနှင့်​ ဘာမျ မဆိုင်​သလို ပုံဖြင့်​ ဒရင်းဘတ်​ရှိရာသို့ ခပ်​တည်​တည်​ဖြင့်​ ပြန်​သွားပြီး စာအုပ်​ဆက်​ဖတ်​​နေလိုက်​သည်​ ။

Kris ကလည်း မူ၍သာ​နေ၏ ။ Taoကို တစ်​ချက်​​တောင်​ လှည့်​မကြည့်​ ။

အခန်းထဲကို တန်းဝင်​လာခဲ့သည်​ ။ လူမှန်းသူမှန်း မသိ​အောင်​ မူး​နေ​သော သူ့ရဲ့ခန္ဓာကိုယ်​ကြီးကို ဝုန်းခနဲ ခုတင်​​ပေါ်​မှောက်​လှဲချလိုက်​သည်​ ။

HATE RACEWhere stories live. Discover now